SJ WorldNews - шаблон joomla Авто

စစ်တွေမြို့၌ ပြခန်းများ ဖွင့်ပွဲ ကျင်းပ

Tuesday, 13 February 2018 10:28 font size decrease font size decrease font size increase font size increase font size

စစ်တွေ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ပြခန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကကျင်းပသည်။ ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များက ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည် နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးမှူး ဒေါ်သိန်းသိန်းဦးက ယခုလိုပြခန်းများပြသထားခြင်းဖြင့် လာရောက် ကြည့်ရှု ကြသူများက ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုများကိုသိရှိပြီး ဗဟုသုတများ တိုးပွားလာနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

အဆိုပါပြခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ပြသသွားမည်ဖြစ်သည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြေခံပ ညာကျောင်းများမှ ဆရာ၊ ဆရာမများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

Read 7 times Last modified on Tuesday, 13 February 2018 10:31