SJ WorldNews - шаблон joomla Авто

မြောက်ဦးမြို့၌ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ဘာသာရပ် သင်တန်း ဖွင့်လှစ်

Tuesday, 13 February 2018 10:31 font size decrease font size decrease font size increase font size increase font size

မြောက်ဦး ဖေဖော်ဝါရီ ၁၂

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ကြီးမှူး၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် မြောက်ဦးဟိုတယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြည် နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးတို့က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် မြောက်ဦးခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးမင်းစိုးအောင်က ဟိုတယ်၊ တည်းခိုရိပ်သာ ဝန်ထမ်းများ၏ ဝန်ဆောင်မှု အရည်အသွေးများ စနစ်တကျ တိုးတက်လာစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာ စေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် Star Resources Academy သင်တန်းကျောင်းမှ အတွေ့အကြုံရှိ ဝါရင့်ဆရာများက သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးကို ဧည့်ကြို၊ အိပ်ခန်းဆောင် ထိန်းသိမ်းခြင်း၊ အစားအစာနှင့် အဖျော် ယမ ကာဝန်ဆောင်မှု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့်မည်ဖြစ်သည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 144 times Last modified on Tuesday, 13 February 2018 10:35