SJ WorldNews - шаблон joomla Авто

ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃)နှစ်ပြည့် မွေးနေ့နှင့်ကလေးများနေ့ အခမ်းအနား ကျင်းပ

Wednesday, 14 February 2018 10:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ  ၁၃

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၌ ရှင်သန်ခြင်း အရေးပေါ် ကူညီရေးအသင်းက ကြီးမှူးကျင်းပသည့်    ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃) နှစ်ပြည့်မွေးနေ့နှင့် ကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက်၇ နာရီခွဲတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု၌ ကျင်းပသည်။

အခမ်းအနားတွင် ဗိုလ်မင်းရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအုန်းနွဲ့က အဖွင့်အမှာစကား ပြောကြားပြီး ရှင်သန်ခြင်း အရေးပေါ် ကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦးထွန်းထွန်းလှိုင်က ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၃)နှစ်ပြည့်မွေးနေ့နှင့် ကလေးများနေ့ အထိမ်းအမှတ် အဖြစ် စာရေးဆရာမ ဒေါ်အိအိငြိမ်း(မြင့်မြတ်သိင်္ဂီ)က ရာဇဝင်ကောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ရာဇဝင်သစ်တည်မည့် ကလေးများနေ့ခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာသူများကို ပဲပြုတ်နှင့်နံပြား ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

Read 8 times Last modified on Wednesday, 14 February 2018 10:37