SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ငပုတောမြို့နယ်၌ တောင်သူများအား စိုက်ပျိုးရေး ပညာပေးဟောပြော

Monday, 21 August 2017 12:19 font size decrease font size decrease font size increase font size increase font size

ငပုတော   သြဂုတ် ၂ဝ

တောင်သူများ စိုက်ပျိုးရေးပညာတိုးပွားစေရန်ရည်ရွယ်၍ တောင်သူ ပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သမ္မာန်ချောင်းကျေးရွာအုပ်စု

သမ္မာန်ချောင်းကျေးရွာ ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့  မွန်းတည့် ၁၂ နာရီက ကျင်းပသည်။ရှေးဦးစွာ ပုသိမ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစိန်မောင်မြင့်က  စပါး များရေမြုပ် မှုဒဏ်ခံ ရခြင်းကြောင့် မြစ်ရေပြန်ကျချိန်တွင် စပါးပင်များ ရှင်သန်ကြီးထွားမှုနှုန်း အားနည်းနိုင်ပြီး    စပါးဖျက် ရောဂါပိုးများ  အချိန်မရွေးကျရောက်နိုင်ကြောင်း၊ ဓာတ်မြေသြ ဇာသုံးစွဲနည်းနှင့် ပိုးသတ်ဆေးအသုံးပြုနည်းများကို   တောင်သူများစနစ်တကျသိရှိစေရန်အတွက် ရှင်းလင်း ဆွေးနွေး ကြောင်း သိရသည်။

ဆက်လက်၍ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဝင်းစိုးဦးက တောင်သူများမြန်မာ့ စိုက် ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စပါးပင်ကြီး ထွားမှုနှုန်းကောင်း မွန်စေပြီး အထွက် တိုးစေရန်ပညာပေးလက်ကမ်းစာစောင်များကို   သေချာစွာဖတ်ရှုလေ့လာပြီး   လိုက်ပါ လုပ်ဆောင်ရန်လိုကြောင်း၊  ယခုနှစ်မိုးစပါးစိုက်ရာသီတွင် တောင်သူ များ အနေဖြင့် လိုအပ်ပါက ထွန်စက်အင်အားဖြင့်သော်လည်းကောင်း၊ ကောက် စိုက်စက်များဖြင့် သော်လည်းကောင်း၊ စပါးပင်ရှင်သန်ကြီးထွားရေးအတွက် လိုအပ်သော ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေး များနှင့်နည်းပညာများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ အချိန်မရွေး အကူ အညီတောင်းခံနိုင်ကြောင်းနှင့် မိုးစပါး အထွက်တိုးရေးအတွက် စီ မံကိန်း တစ်ရပ်ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ တောင်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရန်တိုက် တွန်း ပြောကြားသည်။ထို့နောက် တောင်သူများ၏မေးမြန်း ချက်များ ကို  ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး နှင့်တာ ဝန်ရှိ သူများက   ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဟောပြောပွဲတွင်  တောင်သူများအား စိုက်ပျိုး နည်းစနစ် အချက်အလက်များ၊ ဓာတ် မြေသြဇာသုံးစွဲပုံသုံးစွဲနည်းနှင့် ပိုးသတ်ဆေး အသုံးပြုပုံတို့ပါရှိသော  လက်ကမ်းစာ စောင် များဖြန့် ဝေပေးခဲ့သည်။ အခမ်းအနားသို့  သမ္မာန်ချောင်းကျေးရွာ၊ ကမ်းနီကျေးရွာ၊ အုန်းပင်စု ကျေးရွာတို့ရှိ  တောင်သူအင်အား ၃ဝဝ ကျော်တက်ရောက်ကြကြောင်း  သိရ သည်။                       

Read 369 times Last modified on Monday, 21 August 2017 12:22