SJ WorldNews - шаблон joomla Авто

ဟိုင်းကြီးကျွန်းမြို့၌ ကဏန်းထောင်သူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိ

Monday, 21 August 2017 12:24 font size decrease font size decrease font size increase font size increase font size

ဟိုင်းကြီးကျွန်း   သြဂုတ်   ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့တွင်  ယခုအခါ  ဒေသထွက်ကဏန်းညို များဈေး ကောင်း ရရှိလာသောကြောင့် တစ်ပိုင်တစ်နိုင်ကဏန်းထောင်သူများ

လုပ်ငန်း အဆင်ပြေ လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ဟိုင်းကြီးကျွန်းမြို့   သဲကျင်းရွာဒေသခံများအနေဖြင့် အသေးစားရေလုပ်ငန်းကို အဓိကလုပ် ကိုင် လျက် ရှိပြီး နေ့စဉ်ဝင်ငွေရရှိရန်အတွက် ကဏန်းထောင်ခြင်းလုပ်ငန်းကို လုပ်ကိုင် လျက်ရှိရာ   ယခုအခါ လူတစ်ဦးလျှင် နေ့စဉ်ဝင်ငွေကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ အထိရရှိပြီး    လုပ် ငန်း အဆင်ပြေလျက်ရှိသည်။

''ကျွန်တော်တို့ တစ်ရွာလုံးနီးပါး ကဏန်းထောင်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်၊။ ကဏန်းဖမ်း ရာမှာအသုံးပြုရတဲ့ မြှုံးတွေကိုတော့ လပွတ္တာမြို့နယ်မှာရှိတဲ့ ကဏန်းဒိုင်ကြီး တွေဆီ က မြှုံးတစ်လုံး ၄ဝဝ ကျပ်နှုန်းနဲ့မှာရပါတယ်။ ကဏန်းစာအတွက် ငါးခေါင်းနဲ့ ငါးမြွေနီကို အဓိကအသုံးပြုပါတယ်။ ရလာတဲ့ကဏန်းတွေကို ကျေးရွာတွင်း ကဏန်းဒိုင် များမှာ   အကြီး တစ်ပိဿာငွေကျပ်  ၈၅ဝဝ  နဲ့အသေးတစ်ပိဿာငွေကျပ်  ၄ဝဝဝ ရရှိပြီး ဈေး ကောင်းနေတာကြောင့် ကဏန်းထောင်သူတွေ တစ်ရက်ကို ငွေကျပ် ၁ဝဝဝဝ ကျော် လောက်ရလို့ စား ဝတ်နေရေးအဆင်ပြေပါတယ်'' ဟု သဲကျင်းကျေးရွာမှကဏန်းထောင်သူ ကိုအောင် ဇော်မိုးက ပြောသည်။

အဆိုပါကဏန်းများကို ဟိုင်းကြီးချောင်းနှင့် မဲခရဲချောင်းများမှ အများဆုံးဖမ်းယူရရှိကြောင်း တစ်နေ့ထွက်ကုန်အလေးချိန် ပိဿာ ၁ဝဝ ခန့်ရရှိကာ ကျေးရွာတွင်းရှိ ကဏန်းဒိုင် များမှ တစ်ဆင့် လပွတ္တာရှိ ကဏန်းဒိုင်ကြီးများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

Read 399 times Last modified on Monday, 21 August 2017 12:25