SJ WorldNews - шаблон joomla Авто

ကျေးလက်နေပြည်သူများ လူမှု ဘဝ တိုးတက်မြင့်မားစေရန် မတည်ငွေထုတ်ချေး

Monday, 21 August 2017 12:26 font size decrease font size decrease font size increase font size increase font size

ပုသိမ်   သြဂုတ် ၂ဝ

မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်း မပျောက်မတည်ငွေထုတ်ချေးခြင်း အခမ်းအနားကို ဧရာဝ တီ တိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၁၃)ရပ်ကွက်

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး  ခန်း မဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။ရှေးဦးစွာ  ပုသိမ်မြို့နယ်  ကျေးလက်ဒေ သဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဌေးနိုင်ကကျေးလက် နေပြည်သူများ လူမှုဘဝတိုးတက်မြင့်မားစေရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ တစ်ပိုင် တစ်နိုင်မွေးမြူရေးနှင့် တစ်ပိုင် တစ်နိုင်ရောင်းဝယ်ရေး တို့တွင်   အဆင်ပြေစေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် မတည်ငွေ ထုတ်ချေး ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့်  တာဝန်ရှိသူများက ပုသိမ်မြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု အောင်သာကျေး ရွာနေပြည် သူ ၁၃၂ ဦးအား ငွေ ကျပ် ၃၄၈ သိန်းကျော်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။                             

Read 360 times Last modified on Monday, 21 August 2017 12:29