SJ WorldNews - шаблон joomla Авто

ကျောင်းကုန်း-ပန်းတနော်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်

Monday, 21 August 2017 12:30 font size decrease font size decrease font size increase font size increase font size

ကျောင်းကုန်း   သြဂုတ် ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း-ပန်းတနော်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။   ထိုသို့ဆာင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉ နာရီက

ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်  ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက  သွားရောက် ကွင်း ဆင်းကြည့်ရှု စစ်ဆေးရာ လမ်းပြုလုပ်နေစဉ် အတွင်း အန္တရာယ် ကင်းရှင်းစေရန်နှင့် သတ် မှတ် အရည် အသွေးပြည့်မီစေရေး အတွက် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

အဆိုပါလမ်းအား ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းဦးစီးဌာနမှ ခွင့်ပြုရန်ပုံ ငွေကျပ်သန်း ၅ဝဝ ဖြင့် မူလကတ္တရာလမ်းအကျယ် ၁၈ ပေတွင် ယခုကွန် က ရစ် လမ်းအကျယ် ၂၃ ပေ၊ ထု ၈ လက်မ၊ အရှည် ၇ ဖာလုံအား ဆောင်ရွက်ခြင်းဖြစ်သည်။ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ဇူလိုင်လမှ   စတင်အကောင်အထည်ဖော်ဆောင် ရွက် ကြောင်း သိရသည်။          

Read 387 times Last modified on Monday, 21 August 2017 12:33