SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အလုပ် အကိုင်ရရှိသည့် မသန်စွမ်းသူများတွင် ကိုယ်အင်္ဂါမသန်စွမ်းသူအများဆုံးဖြစ်

Monday, 21 August 2017 12:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၂ဝ

နောက်ဆုံးကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၌ မသန်စွမ်းသူဦးရေ ၂၃ သိန်းရှိကာအလုပ်အကိုင်ရရှိသူဦးရေမှာ ထာင်ဂဏန်းသာရှိပြီး

အလုပ်အကိုင်ရရှိသူများတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူမှာ အများဆုံးဖြစ်ကြောင်း   မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်  အတွင်း ရေးမှူး  ဦးနေလင်းစိုးထံမှ  သိရသည်။

''အလုပ်အကိုင်အခွင့် အလမ်း အများဆုံး ရတာက ကိုယ်အင်္ဂါမ သန်စွမ်းသူတွေကရတာပါ။ နောက်ပြီး တော့အမြင်အာရုံအားနည်းတဲ့သူတွေက ဒုတိယ၊ အကြားအာရုံ အားနည်း တဲ့သူ တွေ က တတိယအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိနေပါတယ်။  ဥာဏ်ရည်မသန်စွမ်းသူတွေ က အလုပ်အကိုင်ရရှိမှုအနည်းဆုံးပါ'' ဟု ဦးနေလင်းစိုးကပြောသည်။

မသန်စွမ်းသူဦးရေ ၂၃ သိန်းကျော်တွင် ထောင်ဂဏန်းခန့်သာ  အလုပ်အကိုင်ရရှိသည့်အတွက် အလုပ်အကိုင် ရရှိမှုအရေအတွက်မှာ   ရာခိုင်နှုန်းနည်းပါးနေကြောင်း သိရသည်။

အလုပ်အကိုင်ရရှိသည့် မသန်စွမ်းသူများမှာ  အလုပ် မလုပ်မီကထက်  အလုပ်လုပ် ချင်စိတ်များ၊ ကြိုးစားချင်စိတ်များရှိလာသဖြင့် မသန်စွမ်းသူများအား အလုပ် အကိုင် အခွင့် အလမ်း များ ပေးသင့်ကြောင်း သိရသည်။

နေနေ

Read 386 times Last modified on Monday, 21 August 2017 12:38