SJ WorldNews - шаблон joomla Авто

သတ္တမအကြိမ်မြောက် အာခါရိုးရာ မိရိုးဖလာ စုပေါင်းဒန်းစီး ပွဲတော်ပြုလုပ်

Tuesday, 22 August 2017 08:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ    အာခါတိုင်းရင်းသားများ၏ သတ္တမ အကြိမ်မြောက် အာခါရိုးရာ မိရိုးဖလာစုပေါင်း ဒန်းစီးပွဲတော်ကို သြဂုတ် ၂ဝ ရက် နံနက်ပိုင်းတွင် မိုင်းဆတ်မြို့နယ်၊     မိုင်းတွမ်းတောင်ပေါ်အုပ်စုရှိ အူးဖူးဒေကျေးရွာ၌ ပြုလုပ်သည်။

ဦးစွာ အာခါရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အကြီးအကဲဖြစ်သူ ဦးဂျွေမာက ဒန်းအား စီးနင်း၍ ပွဲတော်ကိုဖွင့်လှစ်ပေးပြီး  တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက နှုတ်ခွန်းဆက်စကား ပြောကြားကာ ပွဲတော်ကျင်းပရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် အာခါတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် အူးဖူးဒေကျေးရွာ ရပ်မိရပ်ဖတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြပြီး အာခါဒန်းထိန်းသိမ်းရေး ခေါင်းဆောင် ဦးမင်းညိုက ဒန်းစီးပွဲတော် သမိုင်းအကျဉ်းအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့မှ အာခါတိုင်းရင်းသား မောင်မယ်များ၏ ရိုးရာအက အလှများ၊ တေးသံသာများဖြင့် ကပြဖျော်ဖြေမှု များကို ကြည့်ရှု အားပေးကြသည်။

အဆိုပါအာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်သည်   အာခါတိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်သည့် ချစ်ကြည်ရင်းနှီးမှုကို ထုတ်ဖော်ပြသသည့် ရိုးရာပွဲတော်ဖြစ်ကြောင်း သတင်း ရရှိသည်။       

Read 361 times Last modified on Tuesday, 22 August 2017 08:20