SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကယားပြည်နယ် ဥပဒေချုပ်ရုံး ဧည့်ရိပ်သာနှင့် အရာထမ်းအိမ်ရာ ဖွင့်ပွဲကျင်းပ

Tuesday, 22 August 2017 08:24 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် သြဂုတ် ၂၁

ကယားပြည်နယ် ဥပဒေချုပ်ရုံး ဧည့်ရိပ်သာနှင့် အရာထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကို လွိုင်ကော်မြို့၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ် ဥပဒေချုပ်ရုံး၊ ဧည့်ရိပ်သာနှင့် အရာထမ်း အိမ်ရာတို့ကို ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးနှင့် ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကယားပြည်နယ် ဥပဒေချုပ်ရုံး ဧည့်ရိပ်သာ၊  အရာထမ်းအိမ်ရာ အဆောက်အအုံနှင့် စပ်လျဉ်း၍ ထူးဝေလင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးရန်နိုင်က ရှင်းလင်းတင်ပြပြီး ပြည်နယ် ဥပဒေအရာရှိ ဦးတင့်ဝေက ဧည့်ရိပ်သာနှင့် အရာထမ်းအိမ်ရာ ဆောက်လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ရှေ့နေချုပ်က တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေး ကဏ္ဍတိုးတက် ကောင်းမွန်ရေးအတွက် မိမိတို့ ဥပဒေရုံးများမှ ဥပဒေ အရာရှိများနှင့် ဝန်ထမ်းများ အနေဖြင့် တရားမျှတရေး၊ အဂတိတရား ကင်းရှင်းရေး၊ မှန်ကန်စွာ စဉ်းစားတွေးခေါ်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်နိုင်သော အရည်အသွေးနှင့် အရည်အချင်း ရှိသည့် ဝန်ထမ်းများ ဖြစ်ရေးကို အလေးထား ဆောင်ရွက်ရန်နှင့် ပြည်သူက အသိအမှတ်ပြုသည့်၊ ယုံကြည်အားကိုးသည့် ဥပဒေ အရာရှိများ၊ ဥပဒေရုံးများ ဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ကယားပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အတွင်းရှိ ဥပဒေ အရာရှိများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

Read 333 times Last modified on Tuesday, 22 August 2017 08:26