SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဖာပွန်မြို့၌ ကရင်ရိုးရာ ဒုံးယိမ်းအဖွဲ့ ဖြစ်ပေါ်ရေး ညှိနှိုင်းဆွေးနွေး

Tuesday, 22 August 2017 08:26 font size decrease font size decrease font size increase font size increase font size

ဖာပွန် သြဂုတ် ၂၁

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ် ကရင်ရိုးရာ အမွေအနှစ် ဒုံးအက ဖြစ်ပေါ်လာရေး  ညှိနှိုင်း ဆွေးနွေးပွဲနှင့် ဒုံးအက လေ့ကျင့်သင်ကြား ပေးခြင်းကို ယမန်နေ့က ဖာပွန်မြို့ အမှတ်(၂) ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ဆရာမ ဒေါ်စန်းစန်းအေးက ဒုံးအက လေ့ကျင့် သင်ကြားပေးခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကရင်နှစ်သစ်ကူး အတွက် ရည်ရွယ်ပြီး ကိုယ့်ရိုးရာ မပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်သော အနေဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ဖာပွန်မြို့နယ် အနေဖြင့်လည်း ဒုံးအဖွဲ့တစ်ဖွဲ့ ရှိသင့်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ကရင်တိုင်းရင်းသား ဒေသခံ ပြည်သူများက ပြန်လည် အကြံပြု ညှိနှိုင်းဆွေးနွေးကြသည်။ အဆိုပါ ဒုံးအက လေ့ကျင့်ရေးတွင် ဖာပွန်မြို့နယ် အတွင်းရှိ ဒေသခံလူငယ် ၃ဝ ဦးအား နည်းပြများက သြဂုတ် ၂ဝ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဟိလားအောကုံ ဖာပုံဒုံ (ကရင်လူမျိုး တစုတစည်းတည်း ရှိတဲ့ဖာပွန်မြို့) သီချင်းခေါင်းစဉ်ဖြင့် ကပြ လေ့ကျင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

Read 354 times Last modified on Tuesday, 22 August 2017 08:29