SJ WorldNews - шаблон joomla Авто

မော်လမြိုင်ကျွန်း၌ အငြိမ်းစားဝန်ထမ်းများ လူမှုကူညီရေး အသင်း ဖွဲ့စည်းဆောင်ရွက်

Tuesday, 22 August 2017 08:28 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း  သြဂုတ်   ၂၁

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ လူမှု ကူညီရေး အသင်း အစည်း အဝေး အမှတ်စဉ် (၅/၂ဝ၁၇)ကို ယနေ့နံ နက်ပိုင်းတွင်

မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည်။ယင်းအစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လူမှုကူညီရေးအသင်းအမှု ဆောင် များက လူမှုကူညီရေးအသင်း၏ ဆောင်ရွက် ရမည့်လုပ်ငန်းများကို ကဏ္ဍ အလိုက် ဆွေးနွေး တင်ပြကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လူမှုကူညီရေးအသင်းကို မေ ၂၃ ရက် က အသင်းဝင် ၅၅ ဦးဖြင့် စတင်ဖွဲ့စည်း၍   လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင် အငြိမ်း စား ဝန်ထမ်း လူမှုကူညီရေး အသင်းဝင် ၁၂ဝ ဦးအထိ တိုးတက်လာပြီဖြစ်သည်။

အဆိုပါမော်လမြိုင်ကျွန်းမြို့နယ် အငြိမ်း စားဝန်ထမ်းများ လူမှုကူညီရေး အသင်းသည် အသင်းဝင် အငြိမ်းစားများနှင့် မိသားစုများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် နာရေး လုပ်ငန်း များ တွင် ပံ့ပိုး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

မော်ကျွန်း-မြင့်အောင်

Read 379 times Last modified on Tuesday, 22 August 2017 08:29