SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ဥပဒေ စိုးမိုးရေး မိတ်ဆက် သင်တန်းဖွင့်လှစ်

Tuesday, 22 August 2017 08:29 font size decrease font size decrease font size increase font size increase font size

ကျိုင်းတုံ သြဂုတ် ၂၁

မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ဥပဒေ စိုးမိုးရေး မိတ်ဆက် သင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၅) ရပ်ကွက် ကျိုင်းတုံဟိုတယ်သစ် အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်သစ်တော ဦးစီးဌာန (ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းက မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် ဥပဒေ ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ သင်တန်းတွင် ကျိုင်းတုံခရိုင် အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်း ၂ဝ ဦးကို သင်တန်း နည်းပြများက သြဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် သင်ကြားပို့ချလျက် ရှိသည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်၊     ပြည်နယ်သစ်တော ဦးစီးဌာန (ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ World Wide Fund for Nature(WWF Myanmar)မှ အဖွဲ့ခေါင်းဆောင်   သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး (ငြိမ်း)ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 395 times Last modified on Tuesday, 22 August 2017 08:29