SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြောက်ဦးမြို့၌ ဆွမ်းတော်ကြီး လောင်းလှူ

Tuesday, 22 August 2017 08:29 font size decrease font size decrease font size increase font size increase font size

မြောက်ဦး သြဂုတ် ၂၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းတော်ကြီး လောင်းလှူပွဲကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း သမိုင်းဝင် သျှစ်သောင်း ပုထိုးတော်ကြီး အတွင်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပသည်။

ဆွမ်းတော်ကြီး လောင်းလှူပွဲတွင် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် အသီးသီးမှ သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဖျော်ရည်ဘူးများ၊ အသင့်သုံး ပစ္စည်းများ၊ ခေါက်ဆွဲထုပ်များ၊ ဆပ်ပြာထုပ်များ၊ သွားတိုက်ဆေးဘူး များနှင့် ဆေးဝါး ပစ္စည်းများကို လောင်းလှူကြသည်။ ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 334 times Last modified on Tuesday, 22 August 2017 08:31