SJ WorldNews - шаблон joomla Авто

ဧရာဝတီ မြစ်ရေ မြင့်တက်လာမှုကြောင့် မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာအချို့၌ ရေဝင်ရောက် လျက်ရှိ

Tuesday, 22 August 2017 08:31 font size decrease font size decrease font size increase font size increase font size

မြင်းမူ သြဂုတ် ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်အတွင်း သြဂုတ် ဒုတိယပတ်မှ စ၍ ဧရာဝတီမြစ်ရေ တိုးလာသည်မှာ ယခုအခါ မြင်းမူမြို့၏ စိုးရိမ်ရေမှတ် ၁၁၅ဝ စင်တီမီတာ အထက် ၁ဝ စင်တီမီတာအထိ မြင့်တက်လာသောကြောင့် အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေများ စတင် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြင်းမူမြို့၏ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော အရှေ့ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက် တို့၌လည်းကောင်း၊ မြို့နယ် အတွင်းရှိ ပုလဲတန်၊ ညောင်ရင်း၊ ရွာပိုလေး၊ မြစ်ပေါက်၊ ဆပ္ပကုန်း၊ ဆိပ်သာ၊ ကျွဲရိုက်၊ အုန်းပင်၊ သာယာပေါင်းနှင့် လက္ကပင် ကျေးရွာတို့၌ လည်းကောင်း ရေများဝင်ရောက်လျက် ရှိသည်။

ယခုအချိန်ထိ ရေဝင်ရောက်ရာ ကျေးရွာများနှင့် ရပ်ကွက်များမှ ဒေသခံ ပြည်သူများမှာ ပြောင်းရွှေ့နေထိုင်ခြင်း မရှိသေးသော်လည်း မြစ်ကမ်းဘေး ကျေးရွာများ ဖြစ်သော ကျွဲရိုက်၊ အုန်းပင်၊ သာယာပေါင်းနှင့် လက္ကပင် ကျေးရွာတို့မှ အိမ်မွေးတိရစ္ဆာန် နွား၊ ဝက်အချို့ကို   မြစ်ကမ်း တာပေါင်များ၌ ပြောင်းရွှေ့ထားလျက် ရှိသည်။ ရေဝင်ရောက်လျက် ရှိသော ကျေးရွာများကို မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်   ရပ်ကွက်/ကျေးရွာများရှိ သဘာဝဘေး ကာကွယ်တားဆီးရေး အဖွဲ့များက အချိန်နှင့် တစ်ပြေးညီ ကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

Read 310 times Last modified on Tuesday, 22 August 2017 08:36