SJ WorldNews - шаблон joomla Авто

တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပ

Tuesday, 13 March 2018 10:20 font size decrease font size decrease font size increase font size increase font size

ပုလဲ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ကျေးနင်းကြီးကျေးရွာ အတိုင်းအဆမဲ့ရလဒ် စာကြည့်တိုက်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်း၍ ကျေးလက် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ကျေးရွာများ တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိလာစေရေးကို ရည်ရွယ်၍ တောင်သူပညာပေး ဆွေးနွေး ပွဲကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက မြို့နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ရရှိလာစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦမျိုး အောင်က ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် တောင်သူပညာ ပေးပိုစတာစာစောင် ၂၈ မျိုးကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီး မှူး ဦးမြင့်သိန်းစိုးက အတိုင်းအဆမဲ့ ရလဒ်စာကြည့်တိုက်အတွက် သုတရသ စာအုပ်မျိုးစုံ ၁ဝဝ ကိုလည်း ကောင်း ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေး ပိုစတာစာစောင် ၂၈ မျိုးကို ပညာပေးဆွေးနွေး ပွဲ တက်ရောက်လာသော ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Read 130 times Last modified on Tuesday, 13 March 2018 10:29