SJ WorldNews - шаблон joomla Авто

မြို့ကြီးလေးမြို့၌ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုဖြင့် မင်္ဂလာ လက်ဖွဲ့များ ဝယ်ယူနိုင်

Tuesday, 13 March 2018 10:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၂

မြို့ကြီးလေးမြို့၌ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုဖြင့် မင်္ဂလာလက်ဖွဲ့များကို ယခုလမှစ၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အခမဲ့ အွန်လိုင်းလက်ဖွဲ့ဝန်ဆောင်မှု ဝက်ဘ်ဆိုက် Mingalar Let Phwet.com မှ သိရသည်။ ''မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ လာတာနဲ့အမျှ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုတွေကလည်း တိုးတက်လာပါတယ်။ အခုဆိုရင် ကိုယ်ရဲ့မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့် ငွေပေးချေနိုင်မှာ ဖြစ်လို့ လက် ဖွဲ့ပေးမယ့် ဧည့်သည်တွေအတွက် ပိုပြီးအဆင်ပြေလွယ်ကူလာမှာပါ''ဟု Mingalar Let Phwet.com ၏ CEO Mr.Charles Patrick Rowan ကပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အခမဲ့အွန်လိုင်း လက်ဖွဲ့ဝန်ဆောင်မှုကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့၌ရရှိနိုင်ပြီး ဟန်းနီးမွန်းလက်ဖွဲ့ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝယ်ယူလက်ဖွဲ့နိုင်ပြီ ဖြစ် ကြောင်း သိရသည်။ လက်ဖွဲ့ဝယ်ယူပြီး ငွေပေးချေမှုများအတွက် KBZ၊ CB၊ YOMA၊ AYA နှင့် AGD စသည့် ဘဏ်များနှင့်ချိတ်ဆက်ထားရာ Mobile Banking စနစ်ဖြင့်လည်းကောင်း၊ ဘဏ်မှတစ်ဆင့် ငွေလွှဲသည့် စနစ်ဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။

ထို့ပြင် Visa ၊ MPU နှင့် Master Card တို့ဖြင့်လည်း ငွေပေးချေနိုင်ပြီး ငွေသားဖြင့် ပေးချေမည်ဆိုပါက Mingalar Let Phwet.com မှ အိမ်တိုင်ရာရောက် လိုက်လံကောက်ခံကာ ဝန်ဆောင်မှုပေးမည်ဖြစ်သည်။ ထို့ပြင် ဝက်ဘ်ဆိုက်တွင် မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ Gift Voucher များ၊ GYM နှင့် Fitness Package များ၊ Spa Package များနှင့် ပြည်တွင်းပြည်ပ ဟန်းနီးမွန်းခရီးစဉ်များ အပါအဝင် လက်ဖွဲ့အမျိုးအစား ၃ဝဝဝ ကျော်ပါဝင်ကြောင်း သိရသည်။

Read 106 times Last modified on Tuesday, 13 March 2018 10:31