SJ WorldNews - шаблон joomla Авто

ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

Thursday, 24 August 2017 11:13 font size decrease font size decrease font size increase font size increase font size

ဆော  သြဂုတ်  ၂၃

အသက် ၁၈ နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဂန့်ဂေါခရိုင် ဆောမြို့ မြို့မအားကစားကွင်း၌ ကျင်းပသည်။ရှေးဦးစွာ မြို့နယ် အခြေခံ ပညာဦးစီးဌာန

လက်ထောက် ပညာရေးမှူး ဦးဘီဝင်းက အမှာစကားပြောကြားသည်။ ပြိုင်ပွဲသို့ ဆောမြို့မှ လက်ရွေးစင်ကစားသမား ၂၄ ဦး၊ ကျောက်ထုမြို့မှ လက်ရွေး စင်က စားသမား ၂ဝ ဦး၊ လောင်းရှည်မြို့မှ လက်ရွေးစင် ကစား သမား ၂၁ ဦး စုစုပေါင်း၆၅ ဦးတို့ပါ ဝင်ယှဉ်ပြိုင်ကြသည်။

''ဒီပြိုင်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဖလား ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက်နဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုး ရေး၊ စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးရေး အတွက် သူတို့ဝါသနာပါရာအားကစားပညာရပ်တစ်ခုခုကို စနစ်တကျ သင်ယူပြီးကျွမ်းကျင်ရာအားကစားဘက်တွင် ဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီးတော့ယခုလိုကျင်းပပေးရခြင်းဖြစ်ပါတယ်''ဟု မြို့နယ် အား ကစားနှင့် ကာယပညာ ဦးစီးဌာနတာဝန်ခံ နည်းစနစ်မှူး ဦးအောင်မြင့် ထွန်းက ပြောသည်။အဆိုါပြိုင် ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင် လင်းနှင့် တာဝန် ရှိသူများက ဆုများချီးမြှင့်ကြကြောင်း သိရသည်။ 

Read 326 times Last modified on Thursday, 24 August 2017 11:15