SJ WorldNews - шаблон joomla Авто

မြောင်သာချောင်းဖြတ်ကူးတံတား ဆောက်လုပ်ရန်ကြည့်ရှုစစ်ဆေး

Thursday, 24 August 2017 11:17 font size decrease font size decrease font size increase font size increase font size

အောင်လံ  သြဂုတ်  ၂၃

မကွေးတိုင်းဒေသကြီး    သရက်ခရိုင်အောင်လံမြို့နယ် စကြီးကျေးရွာအလယ်၌ ဖြတ်သန်းစီး ဆင်းနေ သော မြောင်သာချောင်းကို

ကျေးရွာပြည်သူများက တံတားဆောက်လုပ် ပေးရန် တောင်း ခံနေမှုအပေါ် ယနေ့ နံနက် ပိုင်း တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ ဝန် ရှိ သူများသွားရောက်စစ်ဆေးကြသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦး အောင်ကြည်၊ မြို့နယ်ဦးစီးမှူး ဦးတိုးကြည်နှင့် အင်ဂျင်နီယာဝန်ထမ်းများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးများက မိုင်တိုင် အမှတ် (၁၉၆/၁) အနီး တံခါးရွက်တံတားမှကျွဲသေ၊ ရဲဘော်ဟောင်း၊ ငမဲကန်၊ အောင် ညီသာကျေးရွာတို့အနီးမှ ဖြတ်သန်းစီးဆင်းလာသော မြောင်သာချောင်းကို တံတား ဆောက်လုပ်ရန်လိုအပ်သည်များကို ကြည့်ရှု စစ်ဆေးသည်။

အဆိုပါချောင်းရေသည် မိုးအခါတွင်လေးပေ၊ နွေအခါတွင် တစ်ပေခန့်ရေတက်သဖြင့် တံတား တည်ဆောက်ပြီးစီးပါက စကြီး၊ ကလုံမော်၊ ဆည်လောင်းကျေးရွာတို့အတွက် သွားလာရေး အဆင် ပြေချောမွေ့ မည်ဖြစ်ပြီး ထိုဒေသရှိ အိမ်ခြေ ၉ဝဝ နှင့် လူဦးရေ၃ဝဝဝ ကျော်တို့အတွက် အကျိုးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 325 times Last modified on Thursday, 24 August 2017 11:18