SJ WorldNews - шаблон joomla Авто

လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ

Thursday, 12 April 2018 12:32 font size decrease font size decrease font size increase font size increase font size

လှိုင်းဘွဲ့ ဧပြီ ၁၁

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။ အခမ်းအနားတွင် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းက ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မသန်စွမ်းသူ ၁၂ဝ၆ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂ဝ၆ သိန်းကို ပြည်နယ်အစိုးရ အဖွဲ့ဝင်များဖြစ်သော လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် တာဝန်ရှိသူတို့က အသီးသီး ပေးအပ်ကြသည်။ အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 43 times Last modified on Thursday, 12 April 2018 12:32