SJ WorldNews - шаблон joomla Авто

မိုးယွန်းကြီးအင်းသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု သိသာစွာ များပြားလာ

Thursday, 12 April 2018 12:33 font size decrease font size decrease font size increase font size increase font size

ပဲခူး ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးရှိ မိုးယွန်းကြီးအင်းသို့ ယခု ခရီးသွားဧည့်သည် ဝင်ရောက်မှု သိသာစွာ များပြားလာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းထံမှ သိရသည်။ မိုးယွန်းကြီးအင်းမှာ သဘာဝ ပတ်ဝန်းကျင် လှပခြင်းနှင့် ဆောင်းခိုငှက်များ ရှိခြင်းကြောင့် မိုးယွန်းကြီးအင်းသို့ လာရောက်သူ အရေအတွက် တိုးတက်လာခြင်း ဖြစ်ကြောင်းနှင့် စတင်ဖွင့်လှစ်ခဲ့စဉ်က မိုးယွန်းကြီးအင်းကို လာရောက်သူ အရေအတွက် နည်းပါးသော်လည်း ယခုလစဉ် လာရောက်လည်ပတ်မှု အရေအတွက် တိုးတက်လာနေကြောင်း သိရသည်။ ''မိုးယွန်းကြီးအင်းမှာ အေးအေးဆေးဆေး အနားယူချင်တဲ့ သူတွေအတွက် ကောင်းပါတယ်။ အဲဒီကနေအပြန် ဝင်္ဂဘော် ဆင်စခန်းကိုလည်း ဝင်လို့ရတော့ နေရာနှစ်ခုကို တစ်ချိန်တည်း ရောက်ဖူးတော့ ပိုအဆင်ပြေပါတယ်'' ဟု မိုးယွန်းကြီးအင်းသို့ သွားရောက်ခဲ့သူ မစုစန္ဒီရွှေကပြောသည်။ အဆိုပါ မိုးယွန်းကြီးအင်းသို့ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုများ ရှိနေပြီး ဝင်ကြေးမှာ လူကြီးငွေကျပ် ၅ဝဝ ၊ ကလေး ငွေကျပ် ၃ဝဝ နှင့်နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ကြေးမှာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ကောက်ခံကြောင်း သိရသည်။

Read 53 times Last modified on Thursday, 12 April 2018 12:34