SJ WorldNews - шаблон joomla Авто

သင်္ကြန်ပွဲတော် ကာလအတွင်း လည်ပတ်သူများ ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ရောဂါများ ဖြစ်ပွားနိုင်သည့် အတွက် သတိပြုရန် လိုအပ်

Thursday, 12 April 2018 12:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဧပြီ ၁၁

သင်္ကြန်ပွဲတော် ကာလအတွင်း လည်ပတ်သူများ အနေဖြင့် ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြားရောဂါများ ဖြစ်ပွားနိုင်သည့် အတွက် သတိပြုရန် လိုအပ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေပြား အထူးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာခိုင်ခိုင်ဇော်ထံမှ သိရသည်။ ခရမ်းလွန်ရောင်ခြည်သည် မတ်လမှ ဧပြီလအတွင်း အမြင့်ဆုံး အခြေအနေတွင် ရှိနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်မည့် အကာအကွယ်များကို ကျန်းမာရေး ဌာနမှ သတိပေးချက် များနှင့်အညီ နေထိုင်ပြုမူကြရမည် ဖြစ်ကြောင်း၊ ထို့ပြင်ပတ်ဝန်းကျင် အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်၏ ပြင်းအားနှစ်ခုစလုံး မြင့်တက်လာသည့် အတွက် အသက်ကြီးရင့် သူများနှင့် ကလေးသူငယ်များမှာ အထူးသတိ ပြုကြရမည် ဖြစ်ကြောင်း သိရသည်။ ''အခုနှစ်က အပူချိန်မြင့်တာနဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု တိုက်ဆိုင်တဲ့နှစ် ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အပူချိန်ပိုမြင့် နေတာကြောင့် သင်္ကြန်ပွဲတော် ကာလမှာ အထူးသတိ ပြုရမှာပါ။ အဓိကကတော့ အပူချိန်အမြင့်ဆုံး ဖြစ်တဲ့ နေ့လယ်ပိုင်း အရိပ်ကောင်းတဲ့ နေရာတွေမှာ အနားယူသင့်ပါတယ်။ အပြင်ထွက်ခြင်းကို ရှောင်ကြဉ် သင့်တယ်'' ဟု ဒေါက်တာခိုင်ခိုင်ဇော်က ပြောသည်။ အပူရှိန်ပြင်းချိန်တွင် ကလေးသူငယ်များ အနေဖြင့် အပြင်မထွက်ရန် လိုအပ်ပြီး အပူရှိန်ကြောင့် အသားရေမည်းခြင်း၊ ကွက်ကျားဖြစ်ခြင်း၊ လူကြီးများတွင် အဖြူအမည်း အကွက်များ ဖြစ်ပေါ်လာခြင်း၊ အသားအရေ တွန့်လာခြင်း၊ ကြေမွခြင်းများအပြင် အသားအရေ နုပျိုခြင်းတို့ကို ထိခိုက်လာစေမည် ဖြစ်ကြောင်း၊ အလားတူ ကြာမြင့်လာပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ပြီး ယခုကာလတွင် အထူးသတိပြု နေထိုင်ရမည်ဖြစ်ကြောင်း၊ ခရမ်းလွန် ရောင်ခြည်ထိ၍ အသားအရေ ပျက်စီးခြင်းများ ဖြစ်ပေါ်ပါက ၁ဝ နှစ်ခန့် ကြာမြင့်မှသာ မူလအသားအရေ ပြန်လည်ရရှိမည် ဖြစ်ကြောင်းသိရသည်။

Read 168 times Last modified on Thursday, 12 April 2018 12:48