SJ WorldNews - шаблон joomla Авто

ဘားအံမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Thursday, 12 April 2018 12:48 font size decrease font size decrease font size increase font size increase font size

ဘားအံ ဧပြီ ၁၁

မြန်မာတို့၏ ၁၂ လရာသီ ပွဲတော်များအနက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော အတာရေသဘင် မဟာသင်္ကြန် ပွဲတော်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘားအံမြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း ပျော်ရွှင်စွာရေပက် ကစားနိုင်ရန် ဘားအံမြို့ ကမ်းနားလမ်း တစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက်များ၌ ဗဟိုမဏ္ဍပ်၊ ပွဲကြည့်စင် မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် ၁၈ ခု ဆောက်လုပ်ထားပြီး ဘားအံမြို့နယ်၌ စာရင်းအရ ပြိုင်ပွဲဝင် ရပ်ကွက်/ကျေးရွာ ယိမ်းအဖွဲ့ ၂၉ ဖွဲ့၊ ပညာရေး ဌာနမှအဖွဲ့ ၃ဝရှိပြီး ဗဟိုမဏ္ဍပ်တွင် အဆို၊ အက၊ အရေးစသည့် ကိုယ်ပိုင်သံစဉ်ဖြင့် ယှဉ်ပြိုင်မည့် ယိမ်းအဖွဲ့၁၁ ဖွဲ့နှင့် ဖျော်ဖြေရေး ယိမ်းအဖွဲ့ ၃ဝ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကြမည်ဖြစ်ကာ ဆုများအနေဖြင့် ယိမ်းအကဆု၊ ယိမ်းအဆိုဆု၊ တစ်ပင်တိုင်အကဆု၊ တစ်ပင်တိုင်အဆိုဆု၊ ဂီတစာဆိုဆုများ ချီးမြှင့်ပေးမည် ဖြစ်သည်။ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့် သင်္ကြန်အကြို ကာလတွင် မှုခင်းကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ မောင်းနှင်စေရေး အတွက် ရှောင်တခင် စစ်ဆေးခြင်းများ၊ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ကံဝင်းက ''ပြည်နယ်ရဲတပ်ဖွဲ့ အနေနဲ့သင်္ကြန် ကာလမတိုင်မီမှာ မှုခင်းတွေ လျော့နည်းဖို့ အတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ ပြည်သူလူထုကို ပညာပေး ဟောပြောမှုတွေ၊ လှည့်ကင်း၊ ဝပ်ကင်းတွေကို တိုးမြှင့်ပြီးတော့ ဆောင်ရွက်တာတွေ၊ ဆေးဆိုင်တွေမှာ ကာမနဲ့ဆိုင်တဲ့ စိတ်ကြွဆေး ရောင်းတာတွေကို စစ်ဆေးပြီးတော့ ဖမ်းဆီးအရေးယူမှုတွေ၊ မြို့ဝင်မြို့ထွက်တွေမှာ ဖောက်ခွဲဖျက်ဆီးရေးနဲ့ ပတ်သက်တာတွေ၊ ဘေးအန္တရာယ် ဖြစ်စေတဲ့ လက်နက်တွေ မပါရှိအောင် အမြဲတမ်း ဆောင်ရွက်ပါတယ်''ဟုပြောသည်။ အလားတူ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကလည်း သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာများ ရရှိနိုင်သည့်အတွက် ဆရာဝန်နှင့် သူနာပြုများ၊ လိုအပ်သည့် ဆေးဝါးများနှင့် သွေးအစရှိသည်များ အသင့်ရှိစေရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

Read 74 times Last modified on Thursday, 12 April 2018 12:48