SJ WorldNews - шаблон joomla Авто

ဥယျာဉ်ခြံ သီးနှံများ ပြုစုထိန်းသိမ်းခြင်းနှင့် ပင်ပိုင်းမျိုးပွားခြင်း သင်တန်းဖွင့်လှစ်

Thursday, 12 April 2018 12:49 font size decrease font size decrease font size increase font size increase font size

ကြာအင်းဆိပ်ကြီး ဧပြီ ၁၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် လူသာရန်ဝေါ ဖယ်ဒရေးရှင်းတို့ ပူးပေါင်း၍ ဥယျာဉ်ခြံသီးနှံများ ပြုစုထိန်းသိမ်းခြင်းနှင့် ပင်ပိုင်းမျိုးပွားခြင်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က သင်တန်းသားများ အနေဖြင့် ယခုသင်တန်းမှ ပို့ချသည့် ဥယျာဉ်ခြံ သီးနှံများ ထိန်းသိမ်းခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ အတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင်လည်း အသုံးချနိုင်အောင် ကြိုးစားသင်ယူ ကြစေလိုကြောင်း ပြောကြားပြီး ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေးပညာ တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ထပ်ဆင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူသာရန်ဝေါ ဖယ်ဒရေးရှင်း ကရင်ပြည်နယ် အသက်မွေးဝမ်းကျောင်း တာဝန်ခံ ဦးစောဆယ်လုံစိန်က သင်တန်းဖွင့် လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးစောဝေလင်းညွန့်က ဒေသတွင်း ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို တင်ပြရာ တက်ရောက်လာကြ သူများက သိရှိလိုသည်များ မေးမြန်းကြသည်။ အဆိုပါ ဥယျာဉ်ခြံသီးနှံများ ပြုစုထိန်းသိမ်းခြင်းနှင့် ပင်ပိုင်းမျိုးပွားခြင်း သင်တန်းကို ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ဓနှုံးကျေးရွာ အုပ်စုရှိကျေးရွာ ၁၂ ရွာမှ တစ်ရွာလျှင် နှစ်ဦးစီစုစုပေါင်း ၂၄ ဦးကို သင်တန်းနည်းပြများက စာတွေ့လက်တွေ့ဖြင့် နှစ်ရက်ပို့ချ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

Read 35 times Last modified on Thursday, 12 April 2018 12:49