SJ WorldNews - шаблон joomla Авто

မြေဆီလွှာဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း သရုပ်ပြ

Friday, 20 April 2018 10:14 font size decrease font size decrease font size increase font size increase font size

ကြံခင်း   ဧပြီ   ၁၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဓာတ်ခွဲ စမ်းသပ် စစ်ဆေးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် ကဇင်းကြီးကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကြူကြူမွှေးက မြေဆီလွှာဓာတ်ခွဲ စမ်းသပ်စစ်ဆေး ခြင်း၏ အကျိုးကျေးဇူးများ၊ မြေနမူနာယူခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်းလုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကဇင်းကြီးကျေးရွာရှိ ကွင်းအမှတ် (၃၈) ဦးပိုင်(၉ဝ/၂)တောင်သူဒေါ်မြင့်သန်း၏ လယ်မြေတွင် မြေနမူနာယူ၍ လက်တွေ့ဆောင်ရွက်ပြသပြီး မြို့နယ်မြေအသုံးချ တာဝန်ခံ ဒေါ်ဖြူဖြူစိန်က မြေဆီလွှာ တွင် ပါဝင်သည့် အချဉ်အငံဓာတ်၊ နိုက်ထရိုဂျင်ပါဝင်မှု၊ ဖော့စပိတ်ဓာတ်ပါဝင်မှုအခြေအနေများကို မြေဆီလွှာ စစ်ဆေးရေး ဓာတ်ခွဲသေတ္တာဖြင့် လက်တွေ့စမ်းသပ်စစ်ဆေး  သရုပ်ပြသကြကြောင်း သိရသည်။     

ဝတ်ရည်(မယ်စဲ့)

................

Read 11 times Last modified on Friday, 20 April 2018 10:15