SJ WorldNews - шаблон joomla Авто

ပြည်သူများ၏ လူမှုဘဝ လုံခြုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆွေးနွေး

Thursday, 17 May 2018 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ  ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ အအိချိခရိုင် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်  Mr.  Toshio  Nishimura နှင့် The  World  Bank မှ Director for  Myanmar,  Cambodia and Lao PDR, Ms. Ellen Goldstein တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။

မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်နှင့်တွေ့ဆုံစဉ် ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး ဂျပန်နိုင်ငံသား လုပ်ငန်းရှင် ၁၂ဝခန့် တက်ရောက်သွားမည့်ကိစ္စ၊ အဆိုပါဆွေးနွေးပွဲ အပြီးတွင် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စများ၊  ဂျပန်နိုင်ငံတွင် ခုတင်-၁ဝဝ ဆံ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာဖွင့်လှစ်၍  စောင့်ရှောက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့်  ပြည်သူများ၏ လူမှုဘဝ လုံခြုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ထိခိုက်ခံစားရသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဦးစီးဌာနသုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ယန်း ၃၃ဝ  သန်း ထောက်ပံ့ထားပြီး စီမံကိန်းများချမှတ်ကာ ထိရောက်စွာ အကောင်အထည်ဖော်နေမှု ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

The World Bank  မှ Director for  Myanmar,  Cambodia and Lao PDR, Ms. Ellen Goldstein နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်နှစ်နှစ်အောက် ကလေးငယ်အား ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို  ရခိုင်ပြည်နယ်နှင့်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုင်ငံတော်ဘဏ္ဍာဖြင့် လည်းကောင်း၊ ချင်းပြည်နယ်တွင် LIFTရန်ပုံငွေဖြင့် လည်းကောင်း အကောင်အထည် ဖော်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် World  Bank (ကမ္ဘာ့ဘဏ်)၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်မည့် ကိစ္စများ၊ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့ဘဏ်အနေဖြင့် လိုအပ်သည်များ ကူညီပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ ဦးစားပေး လုပ်ငန်းသုံးခုဖြစ်သည့် နိုင်ငံသားစိစစ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးနှင့် ၂ဝ၁၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေး ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ သဘောတူညီချက်များအရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စီစဉ်ထားရှိမှုများ၊ World Bank (ကမ္ဘာ့ဘဏ်) အနေဖြင့် ရခိုင်ပြည်နယ် အတွက်  ကူညီထောက်ပံ့မည့် ကိစ္စရပ်များနှင့် ၎င်းတို့မှ  ရခိုင်ပြည်နယ်အတွင်း  အကဲဖြတ် ဆန်းစစ်ချက် ဆောင်ရွက်မည့် ကိစ္စများအား မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို   ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 21 times Last modified on Thursday, 17 May 2018 08:19