SJ WorldNews - шаблон joomla Авто

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းကမ်းပါး ပြိုကျ လူနေအိမ်ခြောက်လုံး ပြောင်းရွှေ့ရ

Wednesday, 13 June 2018 10:13 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူ  ဇွန်   ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက ချောင်းဖြူချောင်းရေလျှံတက်၍ သစ်ပုတီးကုန်း၊ အနောက်အင်းကုန်း၊ ဆင်လူးနှင့် ချောင်းဆုံကျေးရွာတို့၌ ရေဝင်ရောက်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဖြူချောင်းရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများအတွင်း ချောင်းရေ ဝင်ရောက်သည့်အပြင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်ကာမုန်းချောင်းဘေးကျေးရွာဖြစ်သည့် မဲဇလီကျေးရွာအုပ်စု အနောက်အင်းကုန်း ကျေးရွာ၌ လူနေအိမ်ခြောက်လုံး ကမ်းပါးပြိုကျနေ၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့ များက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ပွင့်ဖြူမြို့နယ် ကနီကျေးရွာအုပ်စုချင်းကုန်း ကျေးရွာနေ ဦးကိုလွင်၏ နေအိမ်ပေါ်သို့  သစ်ပင်လဲကျ၍ ထိခိုက်ပျက်စီးခြင်း၊ မဒဲကျေးရွာ၌ နွေနှမ်းစိုက်ခင်းများ ရေနစ်မြုပ် ပျက်စီးခြင်းနှင့် ရေပုတ်ကြီးကျေးရွာ၌ အသက်၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကျေးရွာအနီး     နွားကျောင်းရာမှ အိမ်သို့ပြန်လာစဉ် ရေပုတ်ကြီးချောင်းအတွင်း မျောပါသွားခြင်း ဖြစ်ပေါ်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေး ကြုံတွေ့နေရသည့် ကျေးရွာများရှိ ပြောင်းရွှေ့ ရသော လူနေအိမ်များနှင့် ထိခိုက်ပျက်စီးသည့် လူနေအိမ်များကို ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

Read 529 times Last modified on Wednesday, 13 June 2018 10:15