SJ WorldNews - шаблон joomla Авто

မြို့နယ်အဆင့် မြစိမ်းရောင် စီမံကိန်း သုံးသပ် ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုရွေးချယ် ပေးအပ်ပွဲ ကျင်းပ

Wednesday, 13 June 2018 10:23 font size decrease font size decrease font size increase font size increase font size

ကန့်ဘလူ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ဆောင် ရွက်လျက်ရှိသော မြို့နယ်အဆင့် မြစိမ်း ရောင်စီမံကိန်း ၁၅ ယူနစ်၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုရွေးချယ် ပေးအပ်ပွဲကို ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။

ရှေးဦးစွာ ခရိုင်နှင့်မြို့နယ် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဝင်များနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်း ၁၅ ယူနစ်မှ ကော်မတီဝင်များက လုပ် ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်ဆွေးနွေးကြသည်။ ထို့နောက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု စံပြကျေးရွာ ပထမ ဆုရရှိသော ဇီးကနားကျေးရွာကို ခရိုင်ေ ကျးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဌာနမှူး ဦးကျော်ကျော်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော နဂါးပေါ်(မြောက်)ကျေးရွာကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးသန်းကျော်သူက လည်းကောင်း၊ တတိယဆု ရရှိသော ကင်း+ စိန်နားကျေးရွာကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ယဉ်ယဉ်ဌေးက လည်းကောင်း ဆုများပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

Read 69 times Last modified on Wednesday, 13 June 2018 10:29