SJ WorldNews - шаблон joomla Авто

(၃၅)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအောင်ဆုပေးပွဲ ကျင်းပ

Thursday, 14 June 2018 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁၃

ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (၃၅)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု    စာအောင်ဆုပေးပွဲ အခမ်းအနားကို  နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ်၌ ယမန်နေ့မွန်းလွဲ    နာရီက  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဇေယျာသီရိမြို့နယ် စည်ပင်သာရွာဦး ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္က မထေရ်မြတ်က သြဝါဒကထာမြွက်ကြားပြီး ရေဆင်းကျေးရွာ ကန်ဦးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိလာသမထေရ်မြတ်ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူကြသည်။

ထို့နောက် ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသက်လွင်နှင့် တာဝန်ရှိသူများက (၃၅)ကြိမ်မြောက်  ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအောင်ဆုပေးပွဲ၌ ယဉ်ကျေးမှု၊ မြန်မာစာနှင့် အဘိဓမ္မာ ဘာသာရပ်တို့တွင် ထူးချွန်စွာအောင်မြင် ခဲ့သော အောင်သပြေကျောင်း၊ သာယာဝှမ်းကျောင်း၊   စည်ပင်သာရွာဦးကျောင်း၊ ရွှေပေးကျောင်း၊  ပေါက်ကုန်း ဓမ္မရက္ခိတကျောင်းနှင့်  သိုက်ချောင်းမဟာတပ်ဦး ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၇ ဦးကို ဆုများပေး အပ်ပြီး သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင် ဇေယျာသီရိမြို့နယ် စည်ပင်သာရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမထေရ်မြတ်၊ ရေဆင်းကျေးရွာကန်ဦးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိလာသ မထေရ်မြတ်နှင့် သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း  သိရသည်။  

Read 32 times Last modified on Thursday, 14 June 2018 10:01