Print this page

ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် လူကုန်ကူးမှု ဆိုင်ရာများ အသိပညာပေး ဟောပြော

Thursday, 14 June 2018 10:23 font size decrease font size decrease font size increase font size increase font size

ဝါးခယ်မ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ပိုက်မိခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်နိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ လူကုန်ကူးမှုဆိုင်ရာ ဖြစ်စဉ်များ၊ မူးယစ်ေ ဆးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အကြောင်းတို့ကို လည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးသီတာက လူကုန်ကူးမှုနှင့်ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များ၊ နောက်ဆက်တွဲ ဆိုးကျိုး များကို လည်းကောင်း ဟောပြောသည်။ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက် ကြကြောင်း သိရသည်။

Read 112 times Last modified on Thursday, 14 June 2018 10:25