×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြော

Thursday, 14 June 2018 10:25 font size decrease font size decrease font size increase font size increase font size

ပုလော ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးမြတ်ရီက ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်သိကောင်းစရာများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမော်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်ဒေါ်သန်းရီက မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယင်မှု အကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးအား မူးယစ်ဆေးဝါး ဥာဏ်စမ်းမေးမြန်းကြပြီး ကျောင်းသုံး ဗလာစာအုပ်နှင့် သုတစာအုပ်များ အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲကို ကျောင်းသား၊ကျောင်းသူ ၃ဝဝ ဦးက ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။

Read 216 times Last modified on Thursday, 14 June 2018 10:36