SJ WorldNews - шаблон joomla Авто

ရေစင်တည်ဆောက်နေမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

Thursday, 21 June 2018 10:07 font size decrease font size decrease font size increase font size increase font size

ချောက် ဇွန် ၂ဝ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ချောက်မြို့နယ် သစ်တိုကန် ကျေးရွာအုပ်စု ဆူးတပ်ကျေးရွာ၌ အမြင့်ပေ ၂ဝ၊ ရေဂါလန် ၂၄ဝဝ ဆံ့ ရေစင်တည်ဆောက်နေမှု အခြေအနေကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်နှင့် ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးသည်။ အဆိုပါ လုပ်ငန်းကို နိုင်ငံတော် ထောက်ပံ့ငွေကျပ် သုည ဒသမ ၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သုည ဒသမ ၂၁၇ သန်း စုစုပေါင်း ငွေကျပ် သုည ဒသမ ၇၁၇ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ ပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရေ လုံလောက်စွာ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

Read 129 times Last modified on Thursday, 21 June 2018 10:07