SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို အကြီးစားပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိ

Sunday, 22 July 2018 11:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၂ဝ၁၉ ခုနှစ်တွင် အကြီးစားပြင် ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားပြတိုက် (ရန်ကုန်) လက်ထောက် ညွှန်ကြားရေးမှူး ဦး ခင်မောင်စိုးထံမှ သိရသည်။

အကြီးစားပြင်ဆင်မှု လုပ်ငန်းများတွင် မြေယာထိန်းသိမ်းမှု လုပ်ငန်းများ၊ အဆောက်အအုံ ကြံ့ခိုင်မှုလုပ်ငန်း များ၊ မြေယာအလှပြုပြင်မှု လုပ်ငန်းများနှင့် စိမ်းလန်းစိုပြည်မှု လုပ်ငန်းများ ပါဝင်မည်ဖြစ် သည်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သည် ၂ ဒသမ ၄၂၃ ဧက အကျယ်အဝန်းရှိသည့် ခြံဝင်းအတွင်း ၁၈ ပေ မြင့်သော တောင်ကုန်းပေါ်၌ တည်ဆောက်ထားပြီး ၁၉၂၁ ခုနှစ် ကတည်းက တည်ဆောက်ခဲ့သော အဆောက် အအုံဖြစ်ကာ ယခုအခါ နှစ်ပေါင်း ၉၇ နှစ် ရှိပြီဖြစ်သည်။

''အကြီးစားပြင်ဆင်မှုတွေ လုပ်တဲ့အချိန်မှာ အများပြည်သူတွေ လာရောက်လေ့လာခွင့်ကို ပိတ်ထားမလား ဆိုတာ ပြောလို့မရသေးဘူး။ အတတ်နိုင်ဆုံး မပိတ်ဖို့စဉ်းစားထားပါတယ်'' ဟု ဦးခင်မောင် စိုးက ပြောသည်။ အဆိုပါ အဆောက်အအုံမှာ မူလကလူနေထိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ရာ နေအိမ်အဆောက်အအုံဖြစ်ပြီး နောက်ပိုင်းတွင် ပြတိုက်အဖြစ်ထားရှိကာ အများပြည်သူများ လေ့လာနိုင်စေရန် ပြသခဲ့သည်။

ထိုအဆောက်အအုံ၏ အပေါ်ထပ်တွင် ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူး အစည်းအဝေးခန်း ပြသထားသော်လည်း အာဇာနည်နေ့တွင် လာရောက်သူများပြားကာ အဆောက်အအုံ၏ ကြံ့ခိုင်မှုအခြေအနေအရ ပညာရှင်များ၏ သုံးသပ်မှုနှင့်အတူ ပိတ်ထားခဲ့ပြီး တခြားရက်များတွင်သာ အပေါ် ထပ်ကို ဖွင့်လှစ်ပြသပေးခဲ့ခြင်းဖြစ်သည်။

''အာဇာနည်နေ့ဆိုရင် တစ်နာရီကို ပြတိုက်ထဲမှာ လူ ၃ဝဝဝ လောက်ရှိပါတယ်။ ပြခန်းအပေါ်ထပ်မှာ လူ ၃ဝဝ လောက်ရှိပါတယ်။ နံနက် ၆ နာရီကနေ ည ၆ နာရီအထိ လူအများကြီးရဲ့ဝန်ကို ထိန်းထားရလို့ ဒီနှစ်မှာ ပညာရှင်တွေက တိုင်းတာတွက်ချက်သုံးသပ်တော့ အပေါ်ထပ်ကို ပေးမတက်သင့်ဘူးလို့ အကြံပြုပါတယ်။

ဒီနေအိမ်က ပြတိုက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တဲ့ အိမ်မဟုတ်ပါဘူး။ နေဖို့အတွက်ပဲ ရည်ရွယ်ပြီး အိမ်ရဲ့သက်တမ်းကလည်း ၉၇ နှစ်လောက်ရှိနေတော့ ကြံ့ခိုင်မှု အနေအထားအရ ပေးမ တက်တာ ဖြစ်ပါ တယ်'' ဟု ဦးခင်မောင်စိုးကပြောသည်။ အပေါ်ထပ်ရှိ အိပ်ခန်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးတို့ အသုံးပြု ခဲ့သောသစ်သားခုတင်၊ မှန်တင်ခုံ၊ အဝတ်စင်၊ သစ်သားဗီရို၊ ဗိုလ်ချုပ် ဝတ်ဆင် အသုံးပြုခဲ့သော အဝတ်အစားနှင့် အသုံးအဆောင်များ ပါရှိသည့် မှန်ဗီရို၊ ဗိုလ်ချုပ် ဇနီးမောင်နှံတို့၏ ဓာတ်ပုံ၊ ရွှေတိဂုံစေတီတော် ရှုခင်းပုံ၊ ရွှေကြက်ယက်ဘုရားရှုခင်းပုံ၊ ဗုဒ္ဓဆင်းတုတော် ပုံတို့ကို ချိတ်ဆွဲပြသထားကြောင်း သိရသည်။

Read 33 times Last modified on Sunday, 22 July 2018 11:44