SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ နိုင်ငံတကာ အဆင့်မီ ဂျပန်နည်းပညာသုံး နှလုံးဦးနှောက်နှင့် အာရုံကြော အထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရန် စီစဉ်

Sunday, 22 July 2018 11:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၂၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ ဂျပန်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံတကာအဆင့်မီ ဂျပန်နည်းပညာသုံးနှ လုံး၊ ဦး နှောက်နှင့် အာရုံကြော အထူးကုဆေးရုံသစ်ကြီးကို ရန်ကုန်မြို့ ပြည်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်၌ တည်ဆောက်ရန်စီစဉ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ထော က်ညွှန်ကြားရေးမှူး ဒေါက်တာ နေဝင်းသိန်းထံမှ သိရသည်။

အဆိုပါဆေးရုံသစ်ကို မြေ ၁ဝ ဧကပေါ်၌ တည်ဆောက်မည်ဖြစ်ပြီး ဆေးရုံသစ်တည်ဆောက်ရေး စီမံကိန်း ဖော်ဆောင်နိုင်ရေးအတွက် JICA မှ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်း၊ Third Mission of Preparatory Survey နှင့် ကုသရေးဦးစီးဌာနတို့က Minutes of Discussion များဆောင်ရွက်ခြင်း၊ ကုသရေး ဦးစီးဌာနတို့က Technical Notes များလက်မှတ်ရေးထိုးခြင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် JICA တို့ကြား ဆေးရုံသစ်စီမံကိန်းအတွက် သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

ဆေးရုံသစ်ဖော်ဆောင်ရေးစီမံချက်တွင် မြန်မာအစိုးရဘက်မှ ငွေကျပ် ၄၂ ဘီလီယံ ကျော်တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများထည့်ဝင်မည်ဖြစ်ပြီး ဂျပန်အစိုးရဘက်မှ ဂျပန် ယန်း ၈ ဒသမ ၆၁၁ ဘီလီယံ အကုန်အကျခံကာ ဆေးရုံအဆောက်အအုံနှင့် ဆေးရုံသုံးပစ္စည်းတချို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ''ဒီဆေးရုံကြီး ပြီးစီး သွားရင် လက်ရှိရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိနေတဲ့ နှလုံးရောဂါဆေး ကုသမှု အဆောင်တွေ၊ ခွဲစိတ်ကုသမှု အဆောင်တွေ၊ ဦးနှောက်နဲ့အာရုံကြော ဆေးကုသမှု ခွဲစိတ်ဆောင်တွေကို ဆေးရုံသစ်ကြီးမှာ ပြောင်းရွှေ့ပြီး အဆင့်မီကုသနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်ပြည် သူ့ဆေးရုံကြီးမှ လက်ရှိတွေ့ကြုံ နေရတဲ့ လူနာကုသဆောင်နဲ့ လူနာအရေအတွက် ဖြေလျှော့နိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာနေဝင်းသိန်းက ပြောသည်။

ဆေးရုံသစ်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ရန် လျာထားပြီး နှစ်နှစ်ကြာမြင့်မည် ဖြစ်ကာ ၂ဝ၂၁ ခုနှစ်တွင် အဆောက်အအုံပြီးစီး၍ ဆေးရုံသုံးပစ္စည်းများ တပ်ဆင်ပြီးဖြစ်ရန် လျာထားကြောင်း သိရသည်။

ဆေးရုံသစ်ကြီးသည် ခုနစ်ထပ်အဆောက်အအုံဖြစ်ပြီး အကျယ် ၂၇ဝဝဝ စတုရန်းမီတာရှိကာ ခုတင်-၃ဝဝ ဆံ့ ဆေးရုံကြီးဖြစ်သည်။ ဆေးရုံကြီး၏ အောက်ဆုံးထပ်တွင် အရေးပေါ်ဌာန၊ ပြင်ပလူနာ ဌာနနှင့် သုတေသနဌာန များထားရှိမည်ဖြစ်ပြီး ပထမထပ်တွင် ICU နှင့်အများပြည်သူ ဝန်ဆောင်မှုဌာနများ ထားရှိမည်ဖြစ်သည်။ တခြား အထပ်များတွင် ကုသရေးနှင့်ခွဲစိတ်ခန်းများ ထားရှိရန်လျာ ထားပြီး နှလုံးနှင့် အာရုံကြောဆိုင်ရာ ရောဂါ များကိုဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 38 times Last modified on Sunday, 22 July 2018 11:46