SJ WorldNews - шаблон joomla Авто

မြစိမ်းရောင် စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းဖွင့်

Friday, 03 August 2018 14:17 font size decrease font size decrease font size increase font size increase font size

မံစီ ဩဂုတ် ၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ခြောက်လဘဏ္ဍာနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် စီမံကိန်းကျေးရွာ ၁၈ ရွာမှ မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များ၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မံစီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းနိုင်တို့က အမှာစကား ပြောကြားသည်။ ထို့နောက် မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက စီမံကိန်းကျေးရွာ ၁၈ ရွာမှ မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များအား သင်ခန်းစာများ ပို့ချပေးကြသည်။ အဆိုပါ သင်တန်းသို့ မြစိမ်းရောင် စီမံကိန်း ကျေးရွာများဖြစ်သည့် (ရီခူးမံခံ၊ ကံကြီး၊ မံသဲ၊ နမ့်မဖွဲ၊ မံမကောက်၊ ဂွေ့ကြီး၊ တောင်းလိန်၊ နောင်ဟူး၊ စီကော်၊ မလင်၊ မိုင်းနောင်၊ ကမ်းနီ၊ စီအူ၊ တုံပလွေ၊ မံဖွ၊ သစ်ဆုံး၊ ကုန်းတိန်၊ မံဝိန်းလေးတို့မှ သင်တန်းသား၊ သင်တန်းသူ ၈၀ ဦးတက်ရောက်ကြောင်း သိရသည်။

Read 188 times Last modified on Friday, 03 August 2018 14:18