SJ WorldNews - шаблон joomla Авто

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ

Friday, 03 August 2018 14:18 font size decrease font size decrease font size increase font size increase font size

မင်းဘူး ဩဂုတ် ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေ တိုးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မင်းဘူး(စကု)မြို့နယ် ပင်လယ်သက် ကျေးရွာအုပ်စု-ပင်လယ်သက် ကျေးရွာ၌ ကျင်းပသည်။ အခမ်းအနားတွင် မင်းဘူး(စကု) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မင်းဘူး(စကု) မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူး(စကု) မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဘုန်းလင်း (လက်ထောက် ညွှန်ကြားရေးမှူး)က ကျေးလက်ဒေသ ဆင်းရဲမှု လျှော့ချနိုင်ရေးအတွက် ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ အဆိုပါ သင်တန်းတွင် မင်းဘူး(စကု)မြို့နယ် ပင်လယ်သက်ကျေးရွာမှ ဒေသခံ သင်တန်းသား ၊ သင်တန်းသူ ၂၀ ဦးကို ဩဂုတ် ၂ ရက်မှ ၃၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read 146 times Last modified on Friday, 03 August 2018 14:18