SJ WorldNews - шаблон joomla Авто

သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားသဖြင့် ပျက်စီးဆုံးရှုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွား

Friday, 03 August 2018 14:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

၂၀၁၈ ခုနှစ် ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီတွင် တနိုင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရှင်ဗွေယန်-နန်းယွန်းကားလမ်း မိုင်တိုင်(၁၃၆/၃)၊ (၁၃၆/၄)၊ (၁၃၇/၂)၊ (၁၃၇/၄)နှင့် (၁၃၈/၃)တို့တွင် လမ်းငါးနေရာမြေပြို၍ လမ်းပိတ်ဆို့လျက် ရှိကြောင်း၊ ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၁ ရက်အထိ ဖာပွန်မြို့နယ် အတွင်း မြစ်၊ ချောင်းရေများ ပြန်လည်ကျဆင်းသွားသဖြင့် ဝှေနောင်ကျေးရွာပါ ၁၄ ရွာတို့မှ စာသင်ကျောင်း ၁၄ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ဩဂုတ် ၁ ရက် ဝ၆၀ဝ အချိန် ဘားအံမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ဘားအံ-သထုံကားလမ်း ဒုံသမိတံတားအနီး မြိုင်ကလေးလမ်းဆုံ-ရွာကြီးကျေးရွာကြားနှင့် နိဗ္ဗိန္ဒလမ်းဆုံ၊ ရွှေကြက်ဖ လမ်းဆုံတို့၌ ရေအနက် ၁ ပေခွဲခန့် လည်းကောင်း၊ သံလွင်တံတား သုံးမြှောင့်လမ်းဆုံနှင့် ကမ်းနားလမ်းတို့၌ ရေအနက် ၂ ပေခွဲခန့်လည်းကောင်း၊ ပိတောက်လမ်း-ဖားမဲ့တောင်ခြေ လမ်းဆုံ၌ ရေအနက် ၃ ပေခွဲခန့် လည်းကောင်း၊ ဂျိုင်းတံတားအနီး (ဘားအံဘက်ခြမ်း)၌ ရေအနက် ၁ ပေခန့်လည်းကောင်း ရေကျော်လျက်ရှိကြောင်း၊ ယာဉ်ကြီးများသာ သွားလာနိုင်ပြီး ယာဉ်ငယ်များ သွားလာနိုင်ခြင်း မရှိကြောင်းနှင့် ၁၂၀ဝ နာရီတွင် ကျုံဖဲကျေးရွာပါ နှစ်ရွာတို့၌ ရေအနက် ၂ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု ၈၄ စု လူဦးရေ ၃၆၇ ဦး(ကျား ၁၉၇ ဦး၊ မ ၁၇၀ ဦး)တို့မှာ သရက်ကုန်း ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရှိရသည်။ အလားတူ ဝ၆၀ဝ မှ ၁၃၀ဝ နာရီထိ လှိုင်းဘွဲ့မြို့နယ် အတွင်း ချောင်းရေ မြင့်တက်မှုကြောင့် အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း ရေးဘေးကယ်ဆယ်ရေး စခန်းပါ ရှစ်ခုတို့တွင် ရေဘေးရှောင် နေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၇၉ စု လူဦးရေ ၈၇၂ ဦး (ကျား ၃၇၃ ဦး၊ မ ၄၉၉ ဦး)တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ၁၁၃၀ နာရီတွင် မြဝတီမြို့နယ်အတွင်း သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ကျွန်းတောဈေး ကယ်ဆယ်ရေးစခန်းတွင် ရေဘေးရှောင် နေထိုင်လျက်ရှိသော အိမ်ထောင်စုခြောက်စု လူဦးရေ ၃၈ ဦး(ကျား ၂၀ ဦး၊ မ ၁၈ ဦး) တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ဩဂုတ် ၁ ရက်တွင် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ် တို့၌ ရေဝင်ရောက်လျက်ရှိရာမှ ရေများပြန်လည် ကျဆင်းသွားသဖြင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိပြီး စာသင်ကျောင်း ကိုးကျောင်း ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း၊ ဝ၆၂၀ နာရီတွင် မြိတ်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကန်ဖျားရပ်ကွက်၌ ဓနိမိုး ထရံကာ ပျဉ်ခင်းသုံးခန်းတွဲ နေအိမ်တန်းလျားပေါ်သို့ သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၁၂၀ဝ၀ဝ၀ ဆုံးရှုံးခဲ့ပြီး ၎င်းတန်းလျားတွင် နေထိုင်သော ဦးအောင် ၄၂ နှစ်ပါ ကျားနှစ်ဦးတွင် ဦးခေါင်းချိုစောင်း၊ နှာခေါင်းပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ )ရရှိခဲ့သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ကြောင်း သိရှိရသည်။ ထို့အတူ ၁၈၀ဝ နာရီတွင် တနင်္သာရီ မြို့နယ်အတွင်း တနင်္သာရီ မြစ်ရေဝင်ရောက်မှုကြောင့် ချောင်းကြီးရပ်ကွက် နှစ်ခုတို့၌ ရေအနက် ၄ ပေ ၃ လက်မခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ဝ၉၀ဝ အချိန် ဒိုက်ဦးမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် မင်္ဂလွန်း ကျေးရွာ၌ ရေအနက် ၃ ပေခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်းတစ်ကျောင်း ခေတ္တ ပိတ်ထားကြောင်း၊ ၁၁၄၀ နာရီတွင် တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ခေမာသီဝံ ဘုရားကျောင်းဝင်းပါ လေးခုတို့၌ ရေဘေးရှောင် နေထိုင်လျက်ရှိသော အမှတ်(၉)ရပ်ကွက်ပါ သုံးခုတို့မှ အိမ်ထောင်စု ၁၉၃ စု လူဦးရေ ၈၈၂ ဦး(ကျား ၄၁၆ ဦး၊ မ ၄၆၆ ဦး)တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ၁၂၃၀ နာရီတွင် ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ရွှေမျက်မှန်ဘုရားဝင်း၌ ရေဘေးရှောင် နေထိုင်လျက်ရှိသော ယွန်းတန်းရပ်ကွက်မှ အိမ်ထောင်စုခြောက်စု လူဦးရေ ၁၉ ဦး (ကျား ၁၀ ဦး၊ မ ကိုးဦး)တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ၁၄၀ဝ နာရီတွင် ထန်းတပင်မြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် အုန်းပင် ကျေးရွာ၌ စပါးစိုက်ခင်း ၂၇ ဒသမ ၂၀ ဧက ရေနစ်ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၂၇၂၀ဝ၀ဝ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၁၅၀ဝ နာရီတွင် ကဝမြို့နယ်အတွင်း ရေဝင်ရောက် မှုကြောင့် နဘဲပင် ဘုန်းကြီးကျောင်းပါ သုံးကျောင်းတို့၌ ရေဘေးရှောင် နေထိုင်လျက်ရှိသော နဘဲပင်ကျေးရွာပါ လေးရွာတို့မှ အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေ ၆၇၉ ဦး (ကျား ၃၂၂ ဦး၊ မ ၃၅၇ ဦး)တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ ဩဂုတ် ၁ ရက်တွင် ပဲခူးမြို့နယ် အတွင်း ရေဝင်ရောက်မှုကြောင့် ကလိကျေးရွာ စာသင်ကျောင်းပါ ရေဘေးကယ်ဆယ်ရေး စခန်းကိုးနေရာတို့၌ ရေဘေးရှောင် နေထိုင်လျက်ရှိသော မြို့သစ်ရပ်ကွက်ပါ ငါးခုနှင့် ကလိကျေးရွာပါ နှစ်ရွာတို့မှ အိမ်ထောင်စု ၇၉၉ စု လူဦးရေ ၃၅၁၈ ဦး (ကျား ၁၆၀၄ ဦး၊ မ ၁၉၁၄ ဦး)တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ၁၉၃၀ မှ ၂၀၁၀ နာရီထိ မိတ္ထီလာမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဝန်ဇင်း ရပ်ကွက်၌ သွပ်မိုး ထရံကာ နေအိမ်နှစ်လုံးအမိုးလန်၊ နေအိမ်တစ်လုံး၊ ဓာတ်တိုင်နှစ်တိုင်ပြိုလဲ၊ နေအိမ်တစ်လုံး သစ်ပင်ပိ၊ နေအိမ်တစ်လုံး ဓာတ်တိုင်ပိပျက်စီးခဲ့ရာ တန်ဖိုးငွေ ကျပ် ၁၀၂၀ဝ၀ဝ ဆုံးရှုံးခဲ့ကြောင်းနှင့် နေအိမ်ပိမိ၍ ဒေါ်ဌေးရီ ၅၄ နှစ်တွင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း သိရှိရသည်။ ၎င်းအပြင် ဩဂုတ် ၁ ရက်တွင် ကျိုက်မရော မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရှင်စောပုရပ်ကွက်နှင့် ကျုံကွယ်ကျေးရွာပါ သုံးရွာတို့၌ ရေအနက် ၃ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စုတစ်စု လူဦးရေသုံးဦး (ကျား နှစ်ဦး၊ မ တစ်ဦး)တို့သည် ရန်မျိုးအောင် ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ ရွှေ့ပြောင်းခဲ့ကြောင်းနှင့် စာသင်ကျောင်းသုံးကျောင်း ခေတ္တ ပိတ်ထားကြောင်း၊ ဝ၇၀ဝ မှ ၁၈၀ဝ နာရီထိ ဘီးလင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး ရေဝင်ရောက်မှုကြောင့် လေသာဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းပါ ၁၇ ခုတို့၌ ရေဘေးရှောင် နေထိုင်လျက်ရှိသော ဘိုးရာဇာရပ်ကွက်ပါ လေးခုနှင့် ဒေါက်ရပ်ကျေးရွာပါ သုံးရွာတို့မှ အိမ်ထောင်စု ၈၄၈ စု လူဦးရေ ၄၀၄၈ ဦး(ကျား ၁၇၆၃ ဦး၊ မ ၂၂၈၅ ဦး)တို့မှာ ရေပြန်လည် ကျဆင်းသွားသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ ၁၁၅၀ နာရီတွင် ပေါင်မြို့နယ်အတွင်း ဒုံသမိချောင်းရေ မြင့်တက်မှုကြောင့် ရေတွင်းကုန်း ကျေးရွာမှ အိမ်ထောင်စုလေးစု လူဦးရေ ၂၂ ဦး (ကျား ၁၁ဦး၊ မ ၁၁ ဦး)တို့မှာ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း၊ ၁၃၀ဝ နာရီတွင် မော်လမြိုင် မြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မြေနီကုန်း ရပ်ကွက်၌ သွပ်မိုး ထရံကာ ဝါးခင်း နေအိမ်တစ်လုံး သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၁၅၀ဝ၀ဝ ဆုံးရှုံးခဲ့ကြောင်း၊ ၁၄၀ဝ နာရီတွင် သထုံမြို့နယ်အတွင်း မိုးရွာသွန်းပြီး ရေဝင်ရောက်မှုကြောင့် ငါးကြီးအင်း ဘုန်းကြီးကျောင်း၌ ရေဘေးရှောင် နေထိုင်လျက်ရှိသော သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်မှ အိမ်ထောင်စု ၅၀ စု လူဦးရေ ၁၄၈ ဦး (ကျား ၇၃ ဦး၊ မ ၇၅ ဦး)တို့မှာ ရေပြန်လည်ကျဆင်းသွား သဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ ဝ၉၃၀ အချိန် လားရှိုးမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် အီနိုင်းကျေးရွာပါ နှစ်ရွာတို့၌ ရေအနက် ၁ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု လေးစု၊ လူဦးရေ ၁၉ ဦး (ကျား ရှစ်ဦး၊ မ ၁၁ ဦး)တို့မှာ အီနိုင်းဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ ၁၀၃၀ အချိန် ပေါက်တော မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တန်းလွဲချောင်း ကျေးရွာ၌ စာသင်ကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၂၀ဝ၀ဝ၀ဝ ဆုံးရှုံးခဲ့ကြောင်း၊ ၁၄၅၀ နာရီတွင် စစ်တွေမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မောလိပ်ရပ်ကွက်၌ ဗလီဟောင်း(အသုံးမပြု) တစ်လုံးပြိုကျ ပျက်စီးခဲ့ကြောင်း၊ ၁၆၃၀ နာရီတွင် ကျောက်ဖြူမြို့နယ် အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူလေဆိပ်၌ Arrival Room နှင့် Depeture Room အား ကာရံထားသော မှန်နံရံများ ပြိုကျပျက်စီးခဲ့ကြောင်း၊ ၁၁၀ဝ မှ ၁၁၂၀ နာရီထိ ဇလွန်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အုန်းနှဲချောင်း ကျေးရွာ၌ သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ်သုံးလုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၆၀ဝ၀ဝ ဆုံးရှုံးခဲ့ကြောင်း၊ ၁၁၀ဝ မှ၁၄၀ဝ နာရီထိ ပန်းတနော် မြို့နယ်အတွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် အထက်ကဇင်းတော ကျေးရွာပါ နှစ်ရွာတို့မှ ဓနိမိုးဓနိကာ ကြမ်းခင်းနေအိမ်ပါ ၂၅ လုံးအား ဖျက်သိမ်း၍ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်သို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 151 times Last modified on Friday, 03 August 2018 14:19