SJ WorldNews - шаблон joomla Авто

ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများအား ကြည့်ရှုအားပေး

Saturday, 04 August 2018 09:13 font size decrease font size decrease font size increase font size increase font size

ဘားအံ ဩဂုတ် ၃

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားနိုင်ရန် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် ရွှေယဉ်မျှော်ရေဘေးစခန်းနှင့် မိုးလုံလေလုံ ရေဘေးစခန်းတို့ရှိ ရေဘေးသင့် ပြည်သူများအား ကြည့်ရှုအားပေး စကားပြောကြားကြောင်း သိရသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေး စကား ပြောကြားပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား အလှူငွေနှင့် အာဟာရဖြစ် မုန့်များပေးဝေသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က လိုအပ်သည်များ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ရေသန့်ဆေးပြားများနှင့် ဓာတ်ဆားထုပ်များကို လည်းကောင်း၊ ဦးကိုကိုထူး-ဒေါ်စန္ဒာအောင် မိသားစုက ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်သိန်း ၃၀ဝ ကိုလည်းကောင်း၊ ဘုတ်ဆုံမ ငရုတ်သီးမှုန့် ရောင်းဝယ်ရေး မိသားစုကငွေကျပ် ၅၅၇၂၀ဝ၀ တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

Read 154 times Last modified on Saturday, 04 August 2018 09:14