SJ WorldNews - шаблон joomla Авто

ဖာပွန်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

Saturday, 04 August 2018 09:14 font size decrease font size decrease font size increase font size increase font size

ဖာပွန် ဩဂုတ် ၃

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပသည်။ အခမ်းအနားတွင် ဖာပွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းနိုင်က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောဇင်ဇူနိုင်ကိုက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောဇင်ဇူနိုင်ကိုက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်မည့် မဲသလွတ်ကျေးရွာအုပ်စု ကုလားကိုင်း ကျေးရွာအတွက် ရန်ပုံငွေ ကျပ်သိန်း၁၀ဝ ကို ကျေးရွာ ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။ အဆိုပါ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ ဖာပွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းနိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးစောဇင်ဇူနိုင်ကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာ ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 191 times Last modified on Saturday, 04 August 2018 09:14