SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဝါယာရှော့ဖြစ်၍ နေအိမ်မီးလောင်မှုဖြစ်ပွား

Saturday, 04 August 2018 09:14 font size decrease font size decrease font size increase font size increase font size

ခိုလမ် ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရပ်ကွက်(၂)၌ ယမန်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ခိုလမ်မြို့ အမှတ်(၂)ရပ်ကွက်နေ ဦးဇော်မင်းလှ(ခ)ကိုဇော်၏ Top အထွေထွေ ရောင်းဝယ်ရေးဆိုင် အိမ်အမှတ်(၂/၃၂)နေအိမ် နောက်ဖေး မီးဖိုခန်း၌ ဝါယာရှော့ဖြစ်၍ နေအိမ်မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ ခိုလမ်တပ်နယ်မှ အရာရှိ၊ စစ်သည် ၃၀ဝ ဦး၊ ရေသယ်ယာဉ်သုံးစီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ခိုလမ်)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(လွိုင်လင်)မှ တပ်ဖွဲ့ဝင် ၃၆ ဦး၊ လွိုင်လင်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ ခိုလမ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ်ယာဉ်သုံးစီး၊ နမ့်စန်မီးသတ်ဦးစီးဌာနမှ မီးသတ် တပ်ဖွဲ့ဝင်ငါးဦး၊ မီးသတ်ယာဉ်တစ်စီး၊ ဒေသခံပြည်သူ ၂၀ဝ ဦးတို့က ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လုပ်ငန်းလိုင်စင်မဲ့ သိုလှောင်ထားသော ဆီပီပါအလုံး ၇၀၊ အိမ်တစ်လုံး စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၂၇၅၀ဝ၀ဝ ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဇော်မင်းလှ(ခ)ကိုဇော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့(ခိုလမ်)က ပြစ်မှုအမှတ် ၂၀၁၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ မီးပေါ့ဆစွာသုံးစွဲမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 124 times Last modified on Saturday, 04 August 2018 09:15