SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရေဘေးသင့် ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေသန့်နှင့် စားသောက်ဖွယ်ရာများအား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းကူညီ သယ်ဆောင်ပေး

Saturday, 04 August 2018 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

မွန်ပြည်နယ် သထုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဒုံသမိမြစ် ရေမြင့်တက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာရှိ တပ်ဦးဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတို့တွင် ရောက်ရှိနေသည့် ရေဘေးသင့် ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေသန့်နှင့် စားသောက်ဖွယ်ရာ များအား သုဓမ္မဝတီနယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်ချို ဦးစီးသည့်တပ်ဖွဲ့ဝင် များသည် ဩဂုတ် ၂ ရက်က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ဝိုင်းဝန်းကူညီ ကယ်ဆယ်ပေးသည်။ အလားတူ ကရင်ပြည်နယ်ရှိ ဇမိမြစ်ရေကြီးမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက်အတွင်း ရေဝင်ရောက်သဖြင့် အိမ်ထောင်စု ၁၀၈ စု၊ လူဦးရေ ၄၄၃ ဦးတို့အား ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းရာတွင်လည်းကောင်း၊ အိမ်ထောင်စု ၁၇၈ စု လူဦးရေ ၈၁၃ ဦးတို့အား ၎င်းတို့၏ ဆွေမျိုးများရှိရာသို့ ရွှေ့ပြောင်း ရာတွင်လည်းကောင်း ကြာအင်းဆိပ်ကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 231 times Last modified on Saturday, 04 August 2018 09:15