SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လေဘေးသင့် ပြည်သူများကို ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

Saturday, 04 August 2018 09:16 font size decrease font size decrease font size increase font size increase font size

ပဲခူး ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ မဟာဓမ္မိကာရုံ ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ညနေ ၄ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လဲပြိုသွားသော နေအိမ်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့သော ငွေနှင့် ပစ္စည်းများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လဲပြိုသွားသောနေအိမ် ၉၃ လုံး၊ အိမ်ထောင်စု ၉၃ စုအတွက် တစ်စုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၃ သိန်းကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက အမိုးလန်သွားသော နေအိမ် ၂၄၁ လုံးအတွက် တစ်လုံးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက လဲပြိုသွားသော ဘုန်းတော်ကြီးကျောင်း ငါးကျောင်းအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က နေအိမ်လဲပြိုသွားသော အိမ်ထောင်စု ၉၃ စုလူဦးရေ ၄၃၅ ဦးအတွက် တစ်ဦးလျှင် ဆန်ဖိုးရိက္ခာ ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၁၃၅၀ဝ နှင့် ထောက်ပံ့ပစ္စည်း ၁၆ မျိုးတို့ကို လည်းကောင်း ပေးအပ်ကြသည်။ ထို့ပြင် လဲပြိုနေအိမ်များအတွက် ဦးတင်စိုး၊ ဒေါ်သန်းသန်းမူ (နေလဝန်းဆန်ပွဲရုံ) မိသားစုမှ တစ်အိမ်ထောင်လျှင် ဆန် ငါးပြည်၊ သွပ်၁၅ ချပ်နှုန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ပဲခူးမြို့နယ်)မှ တာလပတ်အမိုးနှင့် ဆေးသေတ္တာ၊ အခြားအလှူရှင်များ စုပေါင်းပြီး တစ်အိမ်ထောင်လျှင် ဆန်ရှစ်ပြည်နှင့်ငွေကျပ် ၁၀ဝ၀ဝ တို့ကိုလည်းကောင်း ထောက်ပံ့လှူဒါန်းပေးကြသည်။ ပဲခူးမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက် နံနက် ၁ နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကမာနတ်ကျေးရွာတွင် လဲပြိုနေအိမ် ၈၅ လုံး၊ အမိုးလန် ၁၉၂ လုံး၊ မြို့တွင်းကြီးရပ်ကွက်၌ အမိုးလန်နှစ်လုံး၊ ဗိုလ်ကုန်း ရပ်ကွက်၌ လဲပြိုနှစ်လုံး၊ အမိုးလန် အလုံး၃၀၊ ဟင်္သာကုန်းရပ်ကွက်၌ လဲပြိုတစ်လုံး၊ အမိုးလန်သုံးလုံး၊ အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာတွင် လဲပြို ငါးလုံး၊ အမိုးလန် ကိုးလုံး၊ ရှင်စောပုရပ်ကွက်၌ အမိုးလန် ငါးလုံးစုစုပေါင်းလဲပြို ၉၃ လုံး၊ အမိုးလန် ၂၄၁ လုံး ပျက်စီးသွားကြောင်း သိရသည်။

Read 167 times Last modified on Saturday, 04 August 2018 09:29