SJ WorldNews - шаблон joomla Авто

ဒုတိယ အကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားကျင်းပ

Saturday, 04 August 2018 10:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ ဒုတိယအကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံအတွင်းမှ ခေတ်အဆက်ဆက် ထွက်ရှိခဲ့သော ထင်ရှားကျော်ကြားခဲ့သည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့်ကျောက်မျက် ရတနာများ၏ သမိုင်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ နိုင်ငံတော်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ဘဏ္ဍာငွေ တိုးတက်ရရှိရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုပေးနေသည့်အတွက် ကျောက်မျက်ရတနာများကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ အကြောင်းကို ကမ္ဘာ့နိုင်ငံများက ပိုမိုစိတ်ဝင်စားလာစေရန် အတွက် အရိုင်းထည် ကုန်ကြမ်းရောင်းချသည့်အဆင့်မှ အချောထည်ထုတ်လုပ်ရောင်းချသည့် အဆင့်သို့ ကူးပြောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးကို အထောက်အကူ ပြုစေရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းအဖြစ် စတင်တည်ထောင်ခွင့် ရရှိခဲ့သည့် ဩဂုတ် ၃ ရက်ကို ကျောက်မျက်ရတနာနေ့အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ကျောက်မျက်ရတနာကဏ္ဍ၏ ထူးခြားသည့်နေ့ တစ်နေ့ဖြစ်သည့်အတွက် ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ရှေးရှုဆောင်ရွက်နိုင်ရေး၊ ပိုမိုတိုးတက်ကောင်းမွန် စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း စတုတ္ထဥက္ကဋ္ဌ ဦးရုံးမူအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ဆက်လက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း စတုတ္ထဥက္ကဋ္ဌ ဦးရုံးမူက ဂုဏ်ပြု စကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြ သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် မြန်မာ့ကျောက်မျက်ရတနာနေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းမိသားစုများအား မော်တော်ဆိုင်ကယ်၊ ရေခဲသေတ္တာအပါအဝင် ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သိရသည်။

Read 195 times Last modified on Saturday, 04 August 2018 10:36