SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဆည်/ကန်များ၏ ရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေ

Saturday, 04 August 2018 10:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ရှိသည့် ဆည်/ကန်များအနက် အချို့သော ဆည်/ကန်များမှာ မိုးရွာသွန်းမှုအားကောင်း၍ သတ်မှတ်ကန်ရေ ပြည့်ပမာဏကျော်လွန်ကာ ရေပိုလွှဲများမှ ရေကျော်ကျလျက်ရှိသည်။ ထိုကဲ့သို့ ရေပိုလွှဲမှရေကျော်ကျခြင်းကြောင့် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းမှာ မူလဆည်/ကန်များ၏ ရေသိုလှောင်မှုပမာဏ ဧရိယာ ပြည့်မီသွားခြင်းကြောင့် ပိုလျှံသောရေကို ရေပိုလွှဲမှတစ်ဆင့် မူလချောင်းထဲသို့ ပြန်လည်ထုတ်လွှတ် စီးဝင်စေခြင်းသာဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရသည်။ ယမန်နေ့က ရေပိုလွှဲမှ ရေကျော်ကျသည့် တမံ ၃၈ ခုရှိပြီး ယနေ့တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ရှိ ဘော်ဆင် ရေလှောင်တမံ(၂)၊ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် တမန်ဒူးရေလှောင်တမံနှင့် ရှမ်းပြည်နယ် လားရှိုးခရိုင် လားရှိုးမြို့နယ် ဟူးမွန်ရေလှောင်တမံတို့မှာ ရေပိုလွှဲမှရေကျော်ကျမှု မရှိတော့ဘဲ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေပြည်(၃)ရေလှောင်တမံနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်ရေလှောင် တမံတို့မှာ သတ်မှတ်ကန်ရေပြည့်၍ ရေပိုလွှဲမှရေကျော် ကျလျက်ရှိသဖြင့် ရေပိုလွှဲမှရေကျော်ကျသည့် ဆည်/တမံ ၃၇ ခုရှိပြီး အဆိုပါဆည်/တမံများမှာ အောက်ပါအတိုင်းဖြစ်သည်-

Read 108 times Last modified on Saturday, 04 August 2018 10:46