SJ WorldNews - шаблон joomla Авто

မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲ စာအုပ်စာစောင် လှူဒါန်းပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပ

Friday, 10 August 2018 11:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် 

နေပြည်တော်ကောင်စီနယ်မြေ   ဥတ္တရခရိုင်   ပုဗ္ဗသီရိမြို့နယ်  သပြေတန်းကျေးရွာ အုပ်စု   ရန်အောင်ကျေးရွာ  သုတအလင်း စာကြည့်တိုက်၌ ယနေ့ နံနက် ၁ဝ နာရီတွင် မှတ်ဉာဏ်ဂိမ်းပြိုင်ပွဲ၊ စာအုပ်စာစောင် လှူဒါန်းပွဲနှင့်  ဆုပေးပွဲ အခမ်းအနားကို  ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ နေပြည်တော်တိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ စာပေဖတ်ရှုလေ့လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက လူငယ်ဟူသည် အနာဂတ်အတွက် ခေါင်းဆောင်များ ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပညာ အတတ်ပညာများပြည့်ဝစေရန် ငယ်စဉ်မှစ၍ စာဖတ်ကြရန် ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဂိမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြပြီး ပထမ၊ဒုတိယ၊ တတိယရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ကာ စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ လှူဒါန်းသည်။

ဆက်လက်၍ သပြေတန်း အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပြီး     ကျောင်းစာကြည့်တိုက် အတွက် စာအုပ်စာစောင်များ လှူဒါန်းသည်။

အခမ်းအနားသို့ နေပြည်တော်တိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး   ဒေါ်သင်းသင်းဇင်၊မြို့နယ်ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် ဝန်ထမ်းများ၊  ဆရာ၊   ဆရာမများ၊   ကျောင်းသား၊ ကျောင်းသူများနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း  သိရသည်။ 

Read 41 times Last modified on Friday, 10 August 2018 11:48