SJ WorldNews - шаблон joomla Авто

သာစည်မြို့နယ် ညောင်ရမ်းကျေးရွာ အနီး 33/11 KV, 5 MVA ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် 33 KV ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းပြီးစီး

Friday, 10 August 2018 11:53 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာ  သြဂုတ် 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းကျေးရွာအနီး၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ဖြင့် 33/11KV, 5 MVA ညောင်ရမ်းဓာတ်အား ခွဲရုံတည်ဆောက်ခြင်းနှင့် 33 KV ဓာတ်အားလိုင်း သုည ဒသမ ၆ မိုင် သွယ်တန်းခြင်း လုပ်ငန်းပြီးစီးပြီဖြစ်၍ ညောင်ရမ်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၅၆ ရွာလျှပ်စစ်မီး ရရှိသုံးစွဲနိုင်မည်ဖြစ်သည်။

''စွမ်းအင်ဝန်ကြီးဌာန မန္တလေး ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြီးကြပ်ပြီး၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေနဲ့ ကျော်စုထွေး ကုမ္ပဏီက ညောင်ရမ်းကျေးရွာအနီးမှာ 33/11KV, 5 MVA ဓာတ်အားခွဲရုံကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။

အခုဆိုရင် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပြီ ဖြစ်ပါတယ်။ ဓာတ်အား ပို့လွှတ်နိုင်ဖို့အတွက်လည်း သာစည်မြို့မှာ တည်ဆောက်ရမယ့်  33 KV  ဓာတ်အားလိုင်း အနီးမှာရှိတဲ့ ပတ်ဝန်းကျင်ရပ်ကွက်နေပြည်သူတွေ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေဖို့  Cover   ပါသော SAC  Cable စနစ်နဲ့  သြဂုတ် ၄ ရက်ကနေ ၅ ရက်အထိ မိတ္ထီလာခရိုင်   လျှပ်စစ်မန်နေဂျာရုံးနဲ့ ခရိုင်အတွင်းမှာရှိတဲ့  မြို့နယ်လိုင်း(လျှပ်စစ်) ဝန်ထမ်းတွေနဲ့  သွယ်တန်းခဲ့တာ အခုဆိုရင် လုပ်ငန်းတွေ အားလုံးပြီးစီးပြီဖြစ်ပါတယ်''ဟု  ခရိုင်လျှပ်စစ်မန်နေဂျာ ဦးနေဦး(စီမံ) ကပြောသည်။

အဆိုပါ 33/11KV, 5 MVA ညောင်ရမ်း ဓာတ်အားခွဲရုံနှင့် 33KV ဓာတ်အားလိုင်း သုည ဒသမ ၆ မိုင် သွယ်တန်းခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ညောင်ရမ်းကျေးရွာအနီးနှင့် ထနောင်းကန်၊ သူကောင်းကုန်း၊ မင်းကန်ကုန်း၊ အိုင်ဒွန်း၊ ပေါက်ချောင်း၊ အင်း၊ ကွမ်းခြံ၊စည်ပင်သာယာ၊ သမန်းကန်၊ ကြာကန်၊ အင်းကနက်(တောင်)နှင့်(မြောက်)ကျေးရွာအပါအဝင် ကျေးရွာ ၅၆ ရွာ လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

Read 65 times Last modified on Friday, 10 August 2018 11:54