SJ WorldNews - шаблон joomla Авто

MoU ကို လက်တွေ့အကောင်အထည် ဖော်ရေးအတွက် ရခိုင်ပြည်နယ်သို့ UNDP နှင့် UNHCR ဝန်ထမ်းများအား ကွင်းဆင်း၊ အကဲဖြတ်မှုများ ဆောင်ရွက်မည်

Friday, 10 August 2018 12:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    သြဂုတ်   

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ  ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့အကြား ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာအား  လက်တွေ့အကောင်အထည် ဖော်ရေး ပထမအဆင့် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု ငါးအုပ်စု (ကျေးရွာ ၁၂ ရွာ)နှင့်   မောင်တောမြို့နယ်ရှိ  ကျေးရွာအုပ်စု ရှစ်အုပ်စု (ကျေးရွာ ၁၁ ရွာ) စုစုပေါင်းကျေးရွာ အုပ်စု ၁၃ အုပ်စု(ကျေးရွာ ၂၃ ရွာ)တို့၌ ကွင်းဆင်း၊ အကဲဖြတ်မှုများ   စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။

ယင်းသို့ ကွင်းဆင်းအကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန် အတွက် UNDP နှင့် UNHCR တို့ဘက်မှ တာဝန်ချထားသည့်  ဝန်ထမ်းများအား ခရီးသွားလာ ခွင့်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သြဂုတ် ၇ ရက်တွင် အသိပေးထားပြီး  ယခုအခါ  အဆိုပါနေရာများသို့ ကွင်းဆင်း၊ အကဲဖြတ်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဌာနများသို့လည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရှိရသည်။ 

 (သတင်းစဉ်)

Read 24 times Last modified on Friday, 10 August 2018 12:04