SJ WorldNews - шаблон joomla Авто

ကမ်းစပ်နေ ပြည်သူများနှင့် မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်

Monday, 13 August 2018 09:49 font size decrease font size decrease font size increase font size increase font size

အမာ ဩဂုတ် ၁၂

ဧရာဝတီတိုင်း ဒေသကြီး အမာမြို့နယ် ဒေါ်ငြိမ်းကျေးရွာအုပ်စု ဒေါ်ငြိမ်းကျေးရွာ၌ ယမန်နေ့ နံနက် ၁၁ နာရီက မုန်တိုင်းအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ မုန်တိုင်း ဝင်ရောက်လာပါက မုန်တိုင်းသတိပေးချက်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ထိခိုက်ဒဏ်ရာ ရရှိသူများ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေနစ်သူများ၊ သစ်ပင်ပိသူများ၊ အဆောက်အအုံ ပြိုကျ၍ ပိနေသူများအား လက်တွေ့သရုပ်ပြ ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ကြသည်။ မုန်တိုင်းအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ရခြင်းမှာ အမာမြို့သည် ပင်လယ်ကမ်းခြေဒေသ ဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသတစ်ခုဖြစ်ခြင်းကြောင့် မိုးဦးကာလနှင့် မိုးနှောင်းကာလတွင် မထင်မှတ်ဘဲ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ထိခိုက်ဒဏ်ရာများ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုမရှိစေရန် လေ့ကျင့်ရခြင်းဖြစ်သည်။ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ NGO အဖွဲ့ဝင်များ၊ ကျေးရွာဒေသခံ ပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။

Read 103 times Last modified on Monday, 13 August 2018 09:49