SJ WorldNews - шаблон joomla Авто

ရေနုတ်မြောင်းတူးဖော်

Monday, 13 August 2018 09:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၁၂

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရွာတော်မီးပွိုင့် လမ်းဆုံမှ နေပြည်တော် ဘူတာကြီးသွား ကားလမ်းညာဘက်ခြမ်းတွင်ရှိသည့် အနက် ၆ ပေ၊ အကျယ် ၈ ပေရှိ ရေနုတ်မြောင်းကို နေပြည်တော်ဘူတာကြီး ရှေ့အထိ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေနုတ်မြောင်းများ တူးဖော်ရခြင်းမှာ ရွာတော်မီးပွိုင့်မှ နေပြည်တော် ဘူတာကြီးသွား ကားလမ်း၏ အချို့အနိမ့်ပိုင်း နေရာများတွင် ယခင်နှစ်များက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေများဝပ်၍ ခရီးသွား ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်ပေါ်ခဲ့ရသည်။ ရေနုတ်မြောင်းများ တူးဖော်ခြင်းအားဖြင့် ရေစီးရေလာ ကောင်းမွန်စေပြီး ကားလမ်း၏ အနိမ့်ပိုင်း နေရာများတွင် ရေဝပ်မှု မရှိတော့ဘဲ ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေ ချောမွေ့စေမည် ဖြစ်သည်။ အလားတူ နေပြည်တော် စည်ပင်သာယာရေး ကော်မတီရုံးမှ ပြည်တွင်းရှိ ကုမ္ပဏီများကို သံကူကွန်ကရစ် အာစီတံတား ရေနုတ်မြောင်းနှင့် အုတ်ပေါင်သံကူကွန်ကရစ် ရေနုတ်မြောင်းများ ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာ UEC ကုမ္ပဏီမှ ဆောက်လုပ်ခွင့် တင်ပြခဲ့သောကြောင့် ဆောက်လုပ်ခွင့်ရရှိ၍ ရွာတော်မီးပွိုင့်မှ နေပြည်တော် ဘူတာကြီးရှေ့အထိသံကူကွန်ကရစ် အာစီတံတား နှစ်စင်းနှင့် အုတ်ပေါင် သံကူကွန်ကရစ် တံတား နှစ်စင်းတာဝန်ယူ တည်ဆောက်မည်ဖြစ်သည်။ UEC ကုမ္ပဏီ အနေဖြင့် အနက် ၁၃ ပေ၊ အကျယ် ၂၄ ပေ၊ အရှည် ၈၁ ပေရှိသည့် သံကူကွန်ကရစ် အာစီရေနုတ်မြောင်း နှစ်ခုနှင့် အနက် ၁၃ ပေ၊ အကျယ် ၂၄ ပေ၊ အရှည်၈၁ ပေရှိသည့် အုတ်ပေါင် သံကူကွန်ကရစ် ရေနုတ်မြောင်း နှစ်ခုတို့ကို ဇူလိုင် ၁၉ ရက်ကတည်းက တည်ဆောက်ပေးလျက် ရှိကြောင်း သိရသည်။

Read 195 times Last modified on Monday, 13 August 2018 09:57