SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ငလျင်ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

Tuesday, 14 August 2018 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၃

မြို့နယ်သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီကကြီးမှူး၍ ငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းနုကြည်က ငလျင် ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ငလျင်လှုပ် နေစဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် လိုက်နာ ဆောင်ရွက်သင့်သည်များကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ်ဦးစီးမှူး ဦးရဲရင့်ကျော်က ငလျင်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ်များ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ  ဦးလှဝင်းက ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ထိခိုက်မှု နည်းပါးပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေး စီမံထားရှိမှု အခြေအနေများကိုလည်း ကောင်း အသီးသီး ရှင်းလင်း ဟောပြောကြသည်။

ယင်းနောက် တက်ရောက် လာကြသူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ ကြကြောင်း သိရသည်။

ရွှေကုက္ကို

Read 207 times Last modified on Tuesday, 14 August 2018 09:49